နှင်းမုန်တိုင်းအလွန် ရေလွှမ်းအန္တရာယ် ကြုံဘွယ်

_bbc_304x171_
Image caption နှင်းထု ရှင်းလင်းတဲ့ ယာဉ်တွေ အသုံးချရ

အမေရိကန် ပြည်ထောင်စု အရှေ့မြောက်ဖက် မှာ နှင်းမုန်တိုင်းဒဏ် ခံရပြီးတဲ့ နောက်မှာ ရေလွှမ်းမိုး မဲ့ အန္တရာယ် ဒီရက် ပိုင်း အတွင်း ကျရောက် နိုင်တဲ့ အကြောင်း အမေရိကန် နယူးယောက် ပြည်နယ် အရာရှိတွေ က ဒေသခံတွေ ကို ကြိုတင် သတိပေးထားပါပြီ။

ရာသီဥတုဒဏ် အဆိုးဝါးဆုံးခံရ တဲ့ နယူးယောက် ပြည်နယ်၊ ဘတ်ဖလိုး မြို့ခံ ကိုမျိုးသန့် က ရှစ် ပေ နှင်းထု အရေပျော်တဲ့ နောက်ပိုင်း မှာ ရေလွှမ်းမိုးနိုင်မဲ့ အခြေအနေ ကို အာဏာပိုင် တွေ က တွက်ချက်ပြီး သတိပေးတဲ့ အကြောင်း ဘီဘီစီ ကို ရှင်းပြတာပါ။ အခုလည်း အပူချိန် အနည်းငယ် မြင့်တက်လာပြီ ဖြစ်တဲ့ အတွက် နှင်းတွေ အရည်ပျော်စ ဖြစ်လာပါပြီ။ အဲဒီ့အတွက် နှင်းထု အများအပြား ကျတဲ့ အရပ်တွေ ဘက် မှာ ရေတက် နိုင်တဲ့ အကြောင်း လည်း သိရပါတယ်။

နှင်းမုန်တိုင်း ကြောင့် သေဆုံးသူ ၁၃ ယောက် ရှိပြီး တယောက် က ဆိုရင် နှင်းတောထဲ မှာ ကားက ပိတ်မိနေလို့ သေဆုံးရတာပါ။ အခုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေ က ထူထပ်စွာ ကျထားတဲ့ နှင်းတွေ ရှင်းလင်းရေး ကို အမြန်လုပ်ပေး နေယင်း ပိတ်နေတဲ့ လမ်းတွေ ပါပွင့်ပြီး အသွားအလာ ချောမွေ့ စေဖို့ ဖြစ်ပါတယ်။

ထူထပ်တဲ့ နှင်းထု ဟာ အိမ်ခေါင်မိုးတွေ ကုန်လှောင်ရုံ တွေ ပေါ် ပိကျရာက၊ အိမ်ပေါင်း ၃၀ ခန့် အမိုးပြိုကြောင်း လည်း ကိုမျိုးသန့် က ပြောပါတယ်။ အစိုးရ အာဏာပိုင်တွေ ဘက်ကတော့ ပျက်စီးဆုံးရှုံးမှု တွေ ကို လိုအပ်ရင် လိုအပ်သလို ငွေကြေးအရ ပံ့ပိုး ကူညီမဲ့ အကြောင်း လည်း သိရပါတယ်။