တူနီးရှားမှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပ

Image caption အနိုင်ရဖို့ အတွက် မဲဆန္ဒ စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်း ကျော်ရဖို့ လို

အာရပ် နွေဦး တော်လှန် ရေး ကို စတင် စေခဲ့တယ် လို့ သတ်မှတ် ခံရတဲ့ တူနီးရှား နိုင်ငံမှာ ပထမဆုံး အကြိမ် အဖြစ် သမ္မတ ရွေးကောက်ပွဲ အတွက် သူတို့ ပြည်သူ ပြည်သား တွေ မဲထည့်နေ ပါပြီ။

တူနီးရှားမှာ ၂၀၁၁ က နွေဦး တော်လှန်ရေး ပြီးကတည်းက ကြားဖြတ် အစိုးရ တခု က တာ၀န် ယူထားပြီး အခုတော့ သမ္မတ ရွေးကောက် တင်မြှောက်ပွဲ ကို ပြုလုပ် နိုင်တာပါ။

သမ္မတလောင်း ၂၅ ယောက် ၀င်အရွေး ခံတဲ့ အထဲ အဓိက ထိပ်က ပြေးနေတဲ့ သမ္မတလောင်း ၂ယောက် ထဲက တယောက် ကတော့ လက်ရှိ ကြားဖြတ် အစိုးရ သမ္မတ မွန်ဇစ် မာဇူကီ ပါ။

သူက သူ့ကိုယ်သူ တော့ လူ့ အခွင့် အရေး အတွက် တိုက်ပွဲ ၀င်သူ၊ တော်လှန်ရေး ရဲ့ စိတ်ဓာတ် ဝိဉာဉ် ကို သယ်ဆောင် ထားတဲ့ လူ၊ အပြောင်း အလဲတွေ လုပ်မယ့် လူ လို့ ကြွေးကြော် ထားပါတယ်။

ထိပ်က ပြေးနေတဲ့ နောက်သမ္မတ လောင်းတယောက် ကတော့ ဘေဂျီ ကိုင် ဒက်ဇန်ဇီ ပါ။ သူကတော့ တော်လှန်ရေး မတိုင်မီ အချိန်ကာလ က အစိုးရ ရဲ့ ထိပ်ပိုင်း ရာထူးတွေ မှာ လုပ်ဖူးတဲ့ သူပါ။

သူက အစ္စလာမ်မစ် အစွန်းရောက် ဝါဒ ကို ဆန့်ကျင်တဲ့ လူဖြစ်ပြီး အခု သူက သမ္မတ ဖြစ်ရင် နိုင်ငံကို နိုင်ငံရေးနဲ့ စီးပွားရေး တည်ငြိမ်အောင် လုပ်ပေးမယ် ဆိုတဲ့ ကတိတွေ ပေးပြီး မဲဆွယ်ခဲ့တဲ့ သူပါ။

သမ္မတလောင်း တယောက်ဟာ အနိုင်ရဖို့ အတွက် မဲဆန္ဒ စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်း ကျော်ရဖို့ လိုပြီး တကယ်လို့ တယောက် ကမှ အဲဒီမဲ အရေ အတွက် မရရင် လာမယ့် ဒီဇင်ဘာ ၃၁ ကြ တခေါက် ပြန်ပြိုင် ကြရဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ