ဘာသာရေး စော်ကားမှုနဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးကို ထောင်ချ

ဓာတ်ပုံ မူပိုင် AFP
Image caption အဖမ်းခံရတဲ့ ဆက်သွယ်ရေး ဝန်ကြီးဟောင်း Abdul Latif Siddique

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ မွတ်ဆလင် တွေရဲ့ မက္ကာ ဘုရားဖူး ခရီးစဉ် အပေါ် ဝေဖန် ပြောဆိုခဲ့တဲ့ ထိပ်တန်း နိုင်ငံရေးသမား တစ်ဦးကို ဒါကာမြို့မှာ ထောင်သွင်း အကျဉ်းချ လိုက်ပါတယ်။

Abdul Latif Siddique ကို တရားဝင် တရားစွဲဆိုတာ မရှိသေးပေမယ့် အစ္စလာမစ် ဝါဒီတွေက နိုင်ငံတဝှမ်း ကန့်ကွက် ဆန္ဒပြ ခဲ့ကြပြီးနောက် ရဲစခန်းမှာ သူကိုယ်တိုင် လာရောက် အဖမ်းခံခဲ့ရာမှာ အာမခံ မပေးဘဲ အကျဉ်းချ လိုက်တာ ဖြစ်ပါတယ်။

တရားရုံးကတော့ မစ္စတာ အဗ္ဗဒူလ် လာတစ်ဖ် ဆစ်ဒီကို အမှုပေါင်း ၂၀ ကျော်လောက်နဲ့ တရား စွဲဆိုဖို့ ရှိနေပါတယ်။

မစ္စတာ အဗ္ဗဒူလ် လာတစ်ဖ် ဆစ်ဒီ ဟာ အမေရိကန် နိုင်ငံကို အတော်ကြာကြာ သွားရောက် လည်ပတ်ခဲ့အပြီး မကြာသေးမီကမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပြန်ရောက် လာတာ ဖြစ်ပါတယ်။

မက္ကာ ဘုရားဖူး ခရီးစဉ်ကို သူ လုံးဝ ဆန့်ကျင်ကြောင်း၊ ဒီဘုရားဖူး ခရီးစဉ်ဟာ တမန်တော် မိုဟာမက်ဒ်က စီးပွားရေး အရ လုပ်ခဲ့တာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံမှာ သူ ရောက်ရှိ နေစဉ်က ပြောခဲ့တာ ဖြစ်ပါတယ်။

သူ့ကို ဆက်သွယ်ရေး ဝန်ကြီး ရာထူးကနေလည်း အခုအခါ ထုတ်ပယ် လိုက်ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ