နိုင်​ဂျီး​ရီး​ယား​မှာ ပလီ​ဝတ်ကျောင်း အတို​က်အခိုက်ခံရ

_nigeria ဓာတ်ပုံ မူပိုင် AP
Image caption ကာနို ပလီ အတိုက်အခိုက် ခံရမှုမှာ ဘိုကိုဟာရမ်တွေ ကျူးလွန်တာ ဆိုပြီး ပြောနေပါတယ်။

နိုင်ဂျီးရီးယား ရဲ့ ဒုတိယ မြို့တော် ကာနိုမှာ ရှိတဲ့ အစ္စလာမ် ဘာသာဝင် တို့ရဲ့ အဓိက ပလီ ဝတ်ကျောင်းတော် ကို လက်နက်ကိုင်တွေ တိုက်ခိုက်ခဲ့ကြ ပါတယ်။ သောကြာနေ့ စုပေါင်း ဝတ်ပြုမှု ပြုလုပ် နေကြတဲ့ ဝတ်ကျောင်းတော် ကို အသေခံ ၂ ဦးက ဗုံးခွဲ ခဲ့ကြပြီး၊ ထွက်ပြေးလာတဲ့ ဝတ်ပြုသူ တွေကို ကျန် လက်နက်ကိုင်တွေက သေနတ်နဲ့ ပစ်ခတ် ခဲ့တာ ဖြစ်ပါတယ်။

ဒီ တိုက်ခိုက်မှုကို အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကိုဟာရမ် အဖွဲ့က ကျူးလွန်တာ ဆိုပြီး ခန့်မှန်း နေကြပါတယ်။

နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့က လူ ၃၅ ဦး သေဆုံး သွားတယ် ဆိုပြီး ပြောပေမယ့်၊ သတင်းထောက် တစ်ဦးကတော့ လူသေလောင်း ၂၀၀ လောက်ထိ သူ တွေ့ခဲ့ရတယ် ဆိုပြီး ပြောဆိုမှုလည်း ရှိပါတယ်။

အတိုက်အခိုက် ခံခဲ့ရတဲ့ ပလီဟာ ကာနိုမြို့ရဲ့ ခေါင်းဆောင် ဆိုပြီး အမည်တွင်တဲ့ အစ္စလာမ် ဘာသာဝင်တွေ အကြား ဩဇာကြီးသူ ဒုတိယမြောက် Muhammad Sanusi ရဲ့ နန်းတော်နဲ့ တွဲလျှက် ရှိနေတာ ဖြစ်ပါတယ်။

Muhammad Sanusi က၊ ပြီးခဲ့တဲ့ သီတင်းပတ် ကပဲ နိုင်ဂျီးရီးယား ပြည်သူတွေ အနေနဲ့ အစိုးရ တပ်ဖွဲ့ဝင်တွေ အကာအကွယ် ပေးမှာကို စောင့်မနေပဲ ဘိုကိုဟာရမ်တွေ ရန်ကို မိမိတို့ဘာသာ ခုခံ ကာကွယ်ကြဖို့ တိုက်တွန်း ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ