အီရတ် စစ်တပ်ထဲ တပ်သားမရှိပဲ လစာထုတ်ယူ နေတာတွေကို ဖော်ထုတ်

_iraq_ ဓာတ်ပုံ မူပိုင် AP
Image caption အီရပ် အစိုးရတပ်ထဲ တစ္ဆေ စစ်သားတွေ ဖန်တီးပြီး လစာတွေ ထုတ်ယူ။

အီရတ်စစ်တပ် အတွင်း အကျင့်ပျက် ခြစား နေမှုတွေကို စုံစမ်း စစ်ဆေးရာကနေ လူမရှိပဲ လစာ ထုတ်ယူဖို့ ဖန်တီးထားတဲ့ နာမည် အရေအတွက် ၅ သောင်းလောက် ရှိနေတယ် ဆိုတာ ဖော်ထုတ် နိုင်လိုက် ပါတယ်။

အဲဒီ့လို လူမရှိပဲ ဖန်တီးထားတဲ့ နာမည်၊ ဒါမှမဟုတ် စစ်တပ်ထဲမှာ ဆက်လက် ရှိမနေတော့ပဲ လစာတော့ ဆက်လက် ပေးနေရတဲ့ နာမည်တွေကို၊ တစ္ဆေ စစ်သားတွေ ဆိုပြီး အီရတ် စစ်တပ် အသိုင်းအဝိုင်းထဲ ခေါ်ကြကြောင်း သိရပါတယ်။

အီရတ် ဝန်ကြီးချူပ်ရုံးက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ထဲမှာ ဖြစ်ပေါ်နေတဲ့ အကျင့်ပျက်မှု ပြဿနာ ရဲ့ အတိမ်အနက် ကို သေသေချာချာ ဖော်ပြထားပြီး၊ အခုတော့ လစာတွေ ဖန်တီး ထုတ်ယူ နေတာတွေကို ရပ်တန့် နိုင်ခဲ့ပြီ လို့ ဆိုပါတယ်။

အီရတ် အစိုးရတပ် ထဲမှာ အဲဒီလို အကျင့်ပျက် ယိုယွင်းမှုတွေ ရှိနေတဲ့ အတွက်၊ တိုင်းပြည်ရဲ့ မြောက်ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ IS အစွန်းရောက်တွေ ထကြွလာမှုကို နိုင်နင်းအောင် ကိုင်တွယ် နိုင်ခဲ့ခြင်း မရှိခဲ့တာ ဖြစ်တယ် လို့ သတင်းထောက်တွေက သုံးသပ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ