ချေချင်းညာ မြို့တော်ကို စစ်သွေးကြွတွေ ဝင်တိုက်

ဓာတ်ပုံ မူပိုင် Reuters
Image caption တိုက်ခိုက်ခံရတဲ့ ပုံနှိပ် ထုတ်ဝေရေး အဆောက်အအုံ

ချေချင်းညာ တောင်ပိုင်း မြို့တော် Grozny မြို့လယ်မှာ ညအချိန် သူပုန် စစ်သွေးကြွ တွေရဲ့ တိုက်ခိုက်မှု ကြောင့် စုစုပေါင်း လူ ၁၆ ဦး သေဆုံး ခဲ့တယ်လို့ သိရပါတယ်။

ညသန်းခေါင်းလွန် အချိန်မှာ မြို့ထဲကို ကားတွေနဲ့ ဝင်လာတဲ့ စစ်သွေးကြွ တွေက ယာဉ်ထိန်းရဲ ရုံးကို ပစ်ခတ် ခဲ့ပြီးနောက် သတင်း မီဒီယာ အဆောက်အအုံ တစ်ခုနဲ့ စာသင်ကျောင်း တစ်ကျောင်းကိုပါ ပစ်ခတ် တိုက်ခိုက် ခဲ့ကြပါတယ်။

အခုတော့ အခြေအနေကို ထိန်းသိမ်း လိုက်နိုင်ပြီး တိုက်ခိုက်ရေး သမားတွေ တစ်ယောက်မှ လွတ်မြောက် သွားခြင်း မရှိဘူးလို့ မော်စကိုက ထောက်ခံ ပေးထားတဲ့ ချေချင်းညာ သမ္မတ ရမ်ဇန် ကာဒီရော့ဗ် က ပြောပါတယ်။

မွတ်ဆလင် အမျိုးသမီးတွေကို တိုက်ခိုက်ခဲ့တဲ့ လုံခြုံရေး တပ်ဖွဲ့တွေ အပေါ် လက်စားချတဲ့ အနေနဲ့ အခုလို အသေခံ တိုက်ခိုက် ခဲ့ကြတာ ဖြစ်တယ်လို့ အစ္စလာမ္မစ် အဖွဲ့ တစ်ဖွဲ့က ပြောပါတယ်။

ချေချင်းညာမှာ ရုရှားနဲ့ ခွဲထွက်ရေး သူပုန်တွေကြား စစ်ပွဲ ၂ ခါ ဖြစ်ပွားခဲ့ပြီးနောက် အချိန် အတော်ကြာ တည်ငြိမ် နေပြီးမှ ခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ