ကင်​ညာ သမ္မတ​အပေါ် စွဲချက်​တွေ​ကို ICC က ပ​လ​ပ်

_uhuru_kenyatta_returns_to_country_
Image caption သမ္မတ ကဲန်ယာတား အမှု အတွက် အရေးကြီး သက်သေတွေကို ကင်ညာ အစိုးရက ထိန်ချန် ခဲ့လို့ လုံလောက်အောင် အမှု မတည်ဆောက် နိုင်တာ ဆိုပြီး အမှုဆွဲ ရှေ့နေတွေ က ပြော။

ကင်ညာ သမ္မတ အူဟူရူး ကဲန်ယာတား အပေါ် ဆွဲဆို ထားခဲ့တဲ့ လူမဆန်တဲ့ ရာဇဝတ်မှု ပုဒ်မ တွေကို နိုင်ငံတကာ ခုံရုံး ICC ကနေ ပလပ် ပေးခဲ့တဲ့နောက်၊ သံသယ ထားခံခဲ့ရတာတွေ ကနေ အခုလို ကင်းလွတ်ခွင့် ရလိုက်တဲ့ အပေါ် သူ့ အနေနဲ့ အတော်လေး စိတ်သက်သာရာ ရခဲ့တယ် ဆိုပြီး မစ္စတာ ကဲန်ယာတား က ပြောပါတယ်။

လွန်ခဲ့တဲ့ ၇ နှစ် က ၊ ကင်ညာ ရွေးကောက်ပွဲလွန် ကာလမှာ ဖြစ်ပေါ်ခဲ့တဲ့၊ လူပေါင်း တစ်ထောင့် နှစ်ရာကျော် အသက် သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုတွေကို မစ္စတာ ကဲန်ယာတား က ကြိုးကိုင် ဖန်တီးခဲ့တယ် ဆိုပြီး ICC ကနေ စွဲဆို ထားခဲ့တာ ဖြစ်ပါတယ်။

ဒီ ကိစ္စ အပေါ် စုံစမ်း စစ်ဆေးခဲ့တဲ့ လုပ်ငန်းစဉ်မှာ အမှားအယွင်း တွေ ရှိခဲ့ပြီး၊ သူ့ အနေနဲ့ အပြစ် ရှိသူ သဖွယ် တံဆိပ်ကပ် ခံခဲ့ရတာ ဖြစ်တယ် လို့ မစ္စတာ ကဲန်ယာတား က ဆိုပါတယ်။

ဒါပေမယ့် ICC ရဲ့ အမှုဆွဲ ရှေ့နေတွေ ကတော့ သမ္မတ ကဲန်ယာတား အမှုနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ သက်သေ အထောက်အထား တွေကို ကင်ညာ အစိုးရက ထိန်ချန် ထားပြီး၊ လူသက်သေတွေ ဟာလည်း အခြိမ်းအခြောက် ခံခဲ့ရတယ် လို့ ပြောပါတယ်။

အခုလို သမ္မတ ကဲန်ယာတား ကင်းလွတ်ခွင့် ရသွားတာဟာ တရားရေး စံနစ်ရဲ့ အမှားအယွင်း တစ်ရပ်ပဲ ဆိုပြီး လူ့အခွင့်အရေး လှုပ်ရှားသူ တွေက ဝေဖန် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ