Hagupit မုန်တိုင်းကြီး ကျရောက်

typhoon ဓာတ်ပုံ မူပိုင် AP
Image caption ကယ်ဆယ်ရေး စခန်းတွေကို ရွှေ့ပြောင်း

ဖိလစ်ပိုင် နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းမှာ Hagupit မုန်တိုင်းကြီး စတင် တိုက်ခတ် နေပြီ ဖြစ်ပါတယ်။

မုန်တိုင်း မလာခင် ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ လေဘေး ကယ်ဆယ်ရေး စခန်းတွေကို လူ ၅ သိန်းကျော် ရွှေ့ပြောင်း ပေးခဲ့ရ ပါတယ်။

Samar နယ် Dolores မြို့ နားမှာ မုန်တိုင်း ကမ်းရိုးတန်းကို ဖြတ်ကျော် ခဲ့လို့ မိုးသက် လေပြင်းတွေ တိုက်ခတ်ပြီး သစ်ပင်တွေ ပြိုလဲလို့ လျှပ်စစ်မီးတွေ ပြတ်တောက် နေပြီ ဖြစ်ပါတယ်။

လုယက်မှု တွေ မဖြစ်အောင်နဲ့ လမ်းတွေ ရှင်းဖို့ စစ်သားတွေ သောင်းနဲ့ချီ ပြီး ချထား ပါတယ်။

မနှစ်က ဟိုင်ယန် မုန်တိုင်း ကြောင့် ဖိလစ်ပိုင် နိုင်ငံမှာ လူ ၇ ထောင် ကျော် သေဆုံး ခဲ့ရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ