စီအိုင်အေ စစ်ကြောရေး နည်းစနစ် အစီရင်ခံစာ ထွက်မယ်

cia torture ဓာတ်ပုံ မူပိုင် BBC World Service
Image caption မသင်္ကာသူ အကျဉ်းသား တွေကို စီအိုင်အေ ညှဉ်းပန်း စစ်ဆေး

အမေရိကန် စီအိုင်အေ ထောက်လှမ်းရေး အဖွဲ့ က ကျင့်သုံးတဲ့ လူပြောစရာ ဖြစ်နေတဲ့ စစ်ကြောရေး နည်းစနစ် တွေနဲ့ ပတ်သက် ပြီး အထက် လွှတ်တော် အစီရင်ခံစာ မထွက်လာခင် မှာပဲ ကမ္ဘာ တဝှမ်းက အမေရိကန် သံရုံးနဲ့ အဖွဲ့အစည်း တွေ ရဲ့ လုံခြုံရေး ကို တင်းကျပ် ထားလိုက်တယ် လို့ အမေရိကန် အစိုးရက ပြောကြား လိုက် ပါတယ်။

အင်္ဂါနေ့မှာ ဒီအစီရင်ခံစာ ထွက်ဖို့ လနဲ့ချီ ပြင်ဆင် ခဲ့ရတာလို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား ခဲ့ပါတယ်။

အမေရိကန် ပြည်နဲ့ ကမ္ဘာတလွှားက လူတွေ သိနားလည် ကြဖို့ ဒီအစီရင်ခံစာ ထုတ်ပြန်မှုက အရေးကြီးကြောင်း သမ္မတ အိုဘားမား လက်ခံထားတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား ခဲ့ပါတယ်။

ဒီအစီရင်ခံစာ ကြောင့် ဒေါသတကြီး တုံ့ပြန်မှုတွေ ပေါ်ထွက်လာမှာကို အမေရိကန် အာဏာပိုင် တွေက စိုးရိမ် နေကြပါတယ်။

၂ဝဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုတွေ နောက်ပိုင်း အယ်လ်ခိုင်ဒါ လို့ မသင်္ကာသူ အကျဉ်းသား တွေကို စီအိုင်အေ က ဘယ်လို ညှဉ်းပန်း စစ်ဆေးတယ် ဆိုတာ တွေကို သေချာ စိစစ် ဖြတ်တောက် ထားတဲ့ကြားက ဒီအစီရင်ခံစာ မှာ ဖော်ပြ လိမ့်မယ်လို့ မျှော်လင့် ထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ