နှိပ်စက်​တဲ့​နည်း အသုံးပြု​ခြင်း​ကို စီ​အိုင်​အေ အကြီးအကဲ ကာ​ကွယ်

_cia_torture ဓာတ်ပုံ မူပိုင် Getty
Image caption နှိပ်စက်ပြီး စစ်မေးလို့ လူ့ အသက်တွေကို ကယ်နိုင် ခဲ့တယ်လို့ စီအိုင်အေ အကြီးအကဲ ပြော။

အမေရိကန်နိုင်ငံမှာ စက်တင်ဘာ အလဲဗင်း တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း ဗဟို ထောက်လှမ်းရေး အေဂျင်စီ CIA က သံသယ ရှိသူတွေကို စစ်ဆေး မေးမြန်းရာမှာ အင်မတန် ပြင်းထန်တဲ့ နည်းလမ်း တွေကို အသုံးပြုတဲ့ အပေါ် အမေရိကန် ဆီးနိတ် လွှတ်တော် အမတ် တွေက ရှုတ်ချ ပြစ်တင်မှုတွေ လုပ်နေကြပါတယ်။

ပြင်းထန်တဲ့ နည်းလမ်း တွေ ဆိုရာမှာ အစစ်မေး ခံရသူကို မအိပ်ခိုင်းတာ၊ ရေမွန်းအောင် ခေါင်းပေါ်ကို ရေလောင်းချတာ၊ ရိုက်နှိက်တာ နဲ့ တခြား လူ့ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ အရှက် ခွဲနည်းတွေ အသုံးပြုတာ တွေ ပါတယ် ဆိုပြီး ဆီးနိတ် လွှတ်တော်က ထုတ်ဝေ လိုက်တဲ့ အစီရင်ခံစာ ထဲမှာ ပါဝင်ပါတယ်။

ဒီလို နည်းလမ်းတွေ အသုံးပြုလို့ လည်း ကြမ်းကြုတ် ရက်စက်တာက လွဲပြီး၊ ဘာမှ အကျိုး ကျေးဇူး ရှိမယ့် သတင်းမျိုး ရရှိနိုင်တာ မဟုတ်ဘူး လို့ အစီရင်ခံစာ က ဆိုပါ တယ်။

ဒီ အစီရင်ခံစာ ပြုစုဖို့ စုံစမ်း မှုတွေကို ဦးဆောင် ပြုလုပ်ခဲ့ တဲ့ ဆီနိတ်တာ ဒိုင်အန်း ဖိုင်းစတန်း က အမေရိကန် ပြည်ထောင်စု ရဲ့ သမိုင်းနဲ့ ထားရှိတဲ့ စံတန်ဖိုးတွေ အပေါ် အစွန်းအထင်း ဖြစ်စေ တာတွေ ကို တွေ့ရှိ ခဲ့ရတယ် လို့ ပြောပါတယ်။

သမ္မတ အိုဘားမား ကတော့ အစီရင်ခံစာ က အသေးစိတ် ရေးသားထား တဲ့ ပြင်းထန်တဲ့ နည်းလမ်း တွေကို သူ တာဝန် ယူပြီး တဲ့နောက် အသုံး မပြုတော့ဘူး လို့ ပြောပါတယ်။ ဒီလို နည်းလမ်းတွေ အသုံးပြု ခဲ့ကြလို့ အကြမ်းဖက် တိုက်ဖျက်ရေး ကို အထောက်အကူ မပြုပဲ၊ နိုင်ငံရပ်ခြား မှာ အမေရိကန် ရဲ့ အကျိုးစီးပွား ကို သိသိသာသာ ထိခိုက် ခဲ့ကြောင်းလည်း သမ္မတ အိုဘားမား က ဆိုပါတယ်။

CIA ရဲ့ ညွှန်ကြားရေးမှုး ဂျွန် ဘရဲန်နန် ကတော့၊ ကြမ်းတမ်းတဲ့ နည်းလမ်းတွေ အသုံး ပြုခဲ့လို့ အကြမ်းဖက် တိုက်ခိုက် မှုတွေကို ကာကွယ် နိုင်ခဲ့တယ်၊ အကြမ်းဖက် သမားတွေ ကို ဖမ်းဆီး နိုင်ခဲ့တယ်၊ လူ့ အသက် တွေကို ကယ်တင် နိုင်ခဲ့တယ် ဆိုပြီး၊ ကာကွယ် ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ