တရုတ် ထိပ်တန်းအရာရှိ ခြစားမှုနဲ့ ထောင်တစ်သက်ကျ

ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ Liu ရဲ့ ကြားနာမှုကို တရုတ် ရုပ်သံက ထုတ်လွှင့်စဉ်။

တရုတ် နိုင်ငံမှာ အဆင့်မြင့် အရာရှိဟောင်း တစ်ယောက်ကို အမေရိကန် ဒေါ်လာ ၆ သန်း နီးပါး လာဘ်ယူမှုနဲ့ ထောင်ဒဏ် တစ်သက် ချမှတ် လိုက်ပါတယ်။

တရုတ် ထိပ်တန်း စီးပွားရေး စီမံကိန်း အေဂျင်စီ ဒုတိယ အကြီးအကဲ တာဝန် ယူခဲ့ဖူးသူ Liu Tienan ဟာ တရုတ် သမ္မတ ရှီ ကျင်းပင် ရဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး စီမံကိန်း အရ အခု နောက်ဆုံး အရေးယူ ခံရတဲ့ အရာရှိဟောင်း ဖြစ်ပါတယ်။

စီးပွားရေး သဘောတူညီချက်တွေအတွက် မစ္စတာ Liu Tienan ရဲ့ အပေးအယူ လုပ်မှု၊ ပညာအရည် အချင်း အထောက်အထား အတုပေးမှု တို့ကို သူ့ရဲ့ အငယ်အနှောင်း အမျိုးသမီးက သတင်းထောက် တစ်ယောက်ကို ပြောပြ ခဲ့တာကြောင့် အလုပ်ဖြုတ် ခံရပြီး ထောင်ချ ခံခဲ့ရတာ ဖြစ်ပါတယ်။

သမ္မတ ရှီကျင်ပင်းက အဆင့်မြင့် အရာရှိကြီးပဲ ဖြစ်ဖြစ် အောက်ခြေ ဝန်ထမ်းပဲ ဖြစ်ဖြစ် သန့်ရှင်းတဲ့ အစိုးရ ဖြစ်ရေး ကြိုးပမ်းမှုမှာ ဘယ်သူ့ကိုမှ ချွင်းချက် မထားဘူးလို့ ကတိပေးထားတာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံမှာ သတင်းစာရဲ့ ဖော်ထုတ် ရေးသားချက်ကနေ စတင်ပြီး ဖမ်းဆီး စစ်ဆေး အရေးယူတဲ့ အဆင့်အထိ ရောက်ရှိသွားတဲ့ အမှုမျိုးဟာ ကြုံတောင့်ကြုံခဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ