'ကမ္ဘာ့​ရေ အစ ကြယ်တံခွန်​က' သီ​အို​ရီ မှား​နိုင်​တယ်​လို့ သိပ္ပံ​ပညာ​ရှင်​တွေ ပြော

_comet_ ဓာတ်ပုံ မူပိုင် Getty
Image caption 67p ကြယ်တံခွန် ပေါ်က ရေနဲ့ ကမ္ဘာပေါ်က ရေ၊ ဓာတု ဖွဲ့စည်းပုံချင်း မတူဘူးလို့ တွေ့ရှိ။

မြေကမ္ဘာပေါ်က ရေဟာ ကြယ်တံခွန် တွေ ပေါ်ကနေ တဆင့် ရောက်ရှိ လာတာ ဖြစ်တယ် ဆိုတဲ့ သီအိုရီ အပေါ် လက်ခံ နိုင်ဖွယ်ရာ မရှိတဲ့ တွေ့ရှိချက်တွေ ထွက်ပေါ် လာပါတယ်။

67p ကြယ်တံခွန်ပေါ် လူမဲ့ အာကာသ ယာဉ်ငယ် ဆင်းသက် နိုင်ခဲ့တဲ့၊ ဥရောပ အာကာသ အေဂျင်စီ ရဲ့ ရိုဇက်တာ စီမံကိန်းကနေ ရရှိလာတဲ့ အချက်အလက်တွေ အရ၊ အဲဒီ့ ကြယ်တံခွန် ပေါ်မှာ တွေ့ရတဲ့ ရေနဲ့ မြေကမ္ဘာပေါ်က ရေဟာ ဓာတု ဖွဲ့စည်းပုံ ကွဲပြားတယ် လို့ သုတေသီ တွေက ကောက်ချက် ချခဲ့ပါတယ်။

အခုလို စမ်းစစ်ချက်တွေကို ဆိုင်းယဲန့်စ် ဆိုတဲ့ သိပွံ ဂျာနယ်ထဲမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ‘ရေရဲ့အစ ကြယ်တံခွန်ဆီက’ သီအိုရီကို လုံးဝ ပစ်ပယ်နိုင်ဖို့ ဆိုရင် အချက်အလက် တွေ ပိုမို ရရှိဖို့ လိုဦးမယ် ဆိုပြီး ထောက်ပြ ပြောဆို နေကြသူတွေ လည်း ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ