ကာဘူးလ်မှာ ရှိတဲ့ ပြင်သစ်ကျောင်း တိုက်ခိုက်ခံရ

_kabul_bomb ဓာတ်ပုံ မူပိုင် epa
Image caption ခန်းမထဲ အဝင်နေရာမှာပဲ အသေခံ ဗုံး ခွဲလိုက်တာ လို့ မျက်မြင် သက်သေတွေက ပြော။

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကာဘူးလ်မှာ ရှိတဲ့ ပြင်သစ်တွေ ဖွင့်လှစ်ထားတဲ့ ကျောင်းမှာ ပြဇာတ် ကပြ နေကြစဉ် အသေခံ ဗုံးခွဲ တိုက်ခိုက်တာ ခံခဲ့ရပါတယ်။

လွတ်လပ်မှုနဲ့ ဒီမိုကရေစီ အကြောင်း တင်ဆက်နေတဲ့ ပြဇာတ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အသေခံ ဗုံးခွဲခဲ့သူဟာ ဆယ်ကျော်သက် တစ်ဦးလို့ သိရပါတယ်။

အစောပိုင်း သတင်းတွေ အရ၊ ဂျာမဏီ နိုင်ငံသား တစ်ဦး သေဆုံးသွားတယ် လို့ ဆိုပေမယ့် ဂျာမဏီ နိုင်ငံခြားရေး ဌာန အနေနဲ့ ဒီ သတင်းကို အတည် မပြုနိုင် သေးပါဘူး။

ဒဏ်ရာ ရသွား သူတွေ အနည်းဆုံး ၁၅ ဦး ရှိတယ်လို့လည်း သိရပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဌာနရဲ့ ပြောခွင့်ရ ရိုမိန်း နာဒဲလ်က အခုလို တိုက်ခိုက် ခံရလို့ တုန်လှုပ် ခြောက်ခြားမှာ မဟုတ်ဘူး ဆိုပြီး ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ