ဘော်လ်တစ် ပင်လယ်မှာ ရုရှား စစ်ရေး လှုပ်ရှားမှုတွေ ရှိနေ

ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှားရဲ့ MiG-31 တိုက်လေယာဉ် တစ်စီး၊ နိုင်ငံတကာ ပိုင်နက်ထဲမှာပါ လှုပ်ရှားမှုတွေ ရှိနေ။

ဘော်လ်တစ် ပင်လယ် တဝိုက်မှာ ရုရှား ရေတပ်နဲ့ လေတပ် လှုပ်ရှားမှုတွေ အများအပြား ရှိနေတယ်လို့ ပိုလန် အစိုးရက ပြောကြားပါတယ်။

ရုရှား စစ်ရေး လှုပ်ရှားမှုတွေဟာ နိုင်ငံတကာ ရေပြင်နဲ့ ဝေဟင် ပိုင်နက် ထဲမှာ ရှိနေတာ ဖြစ်ပြီး ဆွီဒင် ဘက်မှာ အများဆုံး လှုပ်ရှား နေတယ်လို့ ပိုလန် ကာကွယ်ရေး ဝန်ကြီး Siemoniak က ပြောပါတယ်။

ရုရှား အနေနဲ့ စစ်ဆင်ဖို့ ရည်ရွယ်ချက် မရှိပေမယ့် နေတိုး စစ်အင်အားကို စမ်းသပ် နေပုံရတယ် လို့လည်း သူက ပြောပါတယ်။

ယူကေ နိုင်ငံ အပါအဝင် ဘော်လ်တစ် ကမ်းခြေက နေတိုးအဖွဲ့ဝင် နိုင်ငံတွေဟာ တိုက်လေယာဉ်တွေ သုံးပြီး ဘော်လ်တစ် ဒေသ ဝေဟင်မှာ ရုရှား လေတပ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့် နေပါတယ်။

အင်္ဂါ နေ့ကလည်း နော်ဝေ နိုင်ငံ မြောက်ပိုင်းမှာ ရရှ တိုက်လေယာဉ် နဲ့ နော်ဝေ စစ်လေယာဉ် တစင်း တိုက်မိမတတ် ဖြစ်ခဲ့ကြောင်း နော်ဝေ စစ်ဘက်က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ