ညှင်းပမ်းတဲ့ နည်းတွေ သုံးပြီး စစ်ကြောတဲ့ အပေါ် စီအိုင်အေ အကြီးအကဲ ဆက်လက် ကာကွယ်

john_brennan ဓာတ်ပုံ မူပိုင် AP
Image caption စီအိုင်အေ ဘယ်လို နည်းတွေ သုံးခဲ့လဲ ဆိုတာ မှန်သမျှ အိမ်ဖြူတော်က သိပါတယ် လို့ ဂျွန်ဘရဲန်နန် ပြော။

အမေရိကန် ပြည်ထောင်စုမှာ စက်တင်ဘာ အလဲဗင်း တိုက်ခိုက် မှု ဖြစ်ပေါ်ခဲ့တဲ့ နောက်ပိုင်း ဗဟို ထောက်လှမ်းရေး ဌာန CIA က နှိပ်စက်ညှင်းပမ်း တဲ့ နည်းလမ်းတွေ အသုံးပြုပြီး စစ်ကြောရေး လုပ်လာခဲ့တဲ့ အပေါ် CIA ညွှန်မှုး John က ဆက်လက် ကာကွယ် ပြောဆို နေပါတယ်။

ရုပ်မြင်သံကြား ကနေ ရှားရှားပါးပါး ပြသခဲ့တဲ့ CIA အကြီးအကဲ ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ညွှန်မှုး Brennan က သူတို့ အသုံးပြုခဲ့တဲ့ တချို့ နည်းတွေဟာ မနှစ်မြို့ဖွယ် ကောင်းတယ် ဆိုတဲ့ အချက်အပေါ် အသိအမှတ် ပြုခဲ့ပါတယ်။ ဒါပေမယ့် ဦးခေါင်းပေါ် ရေလောင်းပြီး စစ်မေးခြင်း မျိုးနဲ့ သူတို့ ဖမ်းဆီး စစ်ကြောခဲ့တဲ့ လူတချို့ဆီက အဖိုးတန် သတင်း အချက်အလက် တွေ ရရှိ နိုင်ခဲ့တယ် ဆိုပြီး ညွှန်မှုး ဘရဲန်နန်က ပြောခဲ့ပါတယ်။

ညှင်းပမ်းတဲ့ နည်းတွေမှ မသုံးပဲ တခြားနည်း သုံးလို့ အဖိုးတန် သတင်း ရနိုင်မလား ဆိုတာ ဘယ်သူမှ မပြော နိုင်ဘူးလို့ လည်း မစ္စတာ ဘရဲန်နန် က ဆိုပါတယ်။

စီအိုင်အေ ရဲ့ စစ်ကြောရေး နည်းလမ်းတွေ အပေါ် ပြင်းထန်စွာ ဝေဖန်ထားတဲ့ ဆီးနိတ် လွှတ်တော် အစီရင်ခံစာကို စီအိုင်အေ အကြီးအကဲ မစ္စတာ ဘရဲန်နန်က တုန့်ပြန် နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ