ကိုရီးယား လေကြောင်းလိုင်း အရာရှိဟောင်း တောင်းပန်

ဓာတ်ပုံ မူပိုင် Reuters
Image caption နှုတ်ထွက်သွားတဲ့ လေကြောင်း အမှုဆောင် အရာရှိဟောင်း Heather Cho တောင်းပန်စဉ်။

ကိုရီးယား လေကြောင်းပိုင် လေယာဉ်ပေါ်မှာ လေယာဉ် အမှုထမ်းရဲ့ ဆောင်ရွက်ပုံကို မကျေနပ်လို့ လေယာဉ် ခရီးစဉ်ကို နှောင့်နှေး စေခဲ့တာနဲ့ ပတ်သက်ပြီး လေကြောင်းလိုင်း ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိဟောင်း Heather Cho က လူထု ပရိသတ်ကို တောင်းပန် ခဲ့ပါတယ်။

မစ္စက် Cho ဟာ ရာထူးကနေ နှုတ်ထွက် ခဲ့သလို သူမရဲ့ ဖခင် ဖြစ်တဲ့ လေကြောင်းလိုင်းရဲ့ ဥက္ကဋ္ဌကလည်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး တောင်းပန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က နယူးယောက် ကနေ အင်ချွန်းကို ပျံသန်းမယ့် ကိုရီးယား လေကြောင်း လေယာဉ်ပေါ်မှာ မစ္စက် Cho ကို လေယာဉ်မယ်က မြေပဲ တည်ခင်းရာမှာ ပန်းကန်နဲ့ ထည့်မပေးဘဲ အိတ်နဲ့ ချပေးတာနဲ့ ပတ်သက်လို့ လေယာဉ် အမှုထမ်း အကြီးအကဲကို လေဆိပ်မှာ ချန်ထားခဲ့ဖို့ မစ္စက် Cho က ညွှန်ကြား ခဲ့တာကြောင့် ခရီးစဉ် နှောင့်နှေး ခဲ့ရတာ ဖြစ်ပါတယ်။

ဒီကိစ္စဟာ သတင်းတွေမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့တဲ့ အတွက် တောင်ကိုရီးယား အစိုးရကပါ ဒီအမှုကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ