အာဖဂန်စစ်သားတွေ တင်လာတဲ့ ဘတ်စ်ကား ဗုံးခွဲခံရ

kabul ဓာတ်ပုံ မူပိုင် EPA
Image caption အာဖဂန် အစိုးရသစ် မတည်မငြိမ် ဖြစ်ဖို့ တာလီဘန်တွေ တိုက်ခိုက်မှု အရှိန်မြှင့်

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကာဘူးလ်မှာ အာဖဂန် စစ်သားတွေ ကို သယ်ဆောင် လာတဲ့ ဘတ်စ်ကား တစ်စင်း အသေခံ ဗုံးခွဲ တိုက်ခိုက် ခံရလို့ အနည်းဆုံး လူ ၇ ဦး သေဆုံး သွားပါတယ်။ အဲဒီ့ တိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တာ ဆိုပြီး တာလီဘန်က ကြေညာ ခဲ့ပါတယ်။

တနေ့ထဲမှာပဲ အာဖဂန်နစ္စတန် တနံတလျား က တခြား နေရာတွေမှာ တိုက်ခိုက်မှုတွေ ဖြစ်ပေါ် နေခဲ့ပြီး နောက်ထပ် အနည်း ဆုံး လူ ၁၃ ဦး လည်း သေဆုံး ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စနေတုန်းက ကာလ်ဘူး မြို့ပြင်က နေးတိုးတပ် အခြေစိုက် စခန်း အနီးမှာ လက်နက်ကိုင် တွေရဲ့ လက်ချက်နဲ့ နေးတိုး စစ်သား ၂ ဦး သေဆုံး ခဲ့ရ ပါသေးတယ်။

အာဖဂန်နစ္စတန် ရဲ့ လက်ရှိ လုံခြုံရေး အခြေအနေ အတော်လေး ဆိုးနေတယ် ဆိုပြီး ဂျာမဏီ ကာကွယ်ရေး ဝန်ကြီး အာဆူလာ ဗွန်ဒါလဲန်းက ပြောသလို၊ ဒါဟာ အာဖဂန်နစ္စတန် ရဲ့ အစိုးရသစ် မတည်မငြိမ် ဖြစ်လာဖို့ တာလီဘန်တွေ အနေနဲ့ ရှိသမျှ အင်အားသုံး ကြိုးစား နေကြတယ် ဆိုပြီးတော့လည်း ဝန်ကြီး ဗွန်ဒါလဲန်းက သုံးသပ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ