မြောက်ကိုရီးယားရေး လုံခြုံရေး ကောင်စီမှာ မဲခွဲ

korea un ဓာတ်ပုံ မူပိုင် REUTERS
Image caption မြောက်ကိုရီးယား လူမဆန် တဲ့ ရာဇဝတ်မှု တွေ ကျူးလွန်နေတယ်လို့ဆို

မြောက်ကိုရီးယား လူ့အခွင့်အရေး အခြေအနေ ကို ထည့်သွင်း ဆွေးနွေးဖို့ ရုရှ နဲ့ တရုတ် အစိုးရ တွေ ကန့်ကွက်တဲ့ ကြားက ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီမှာ မဲခွဲ ဆုံးဖြတ် ခဲ့ကြပါတယ်။

လူမဆန် တဲ့ ရာဇဝတ်မှု တွေကို မြောက်ကိုရီးယား အစိုးရ ပိုင်း ခေါင်းဆောင် တွေ က အကြီးအကျယ် ဖောက်ဖျက် ကျူးလွန် နေတယ် လို့ ကုလ သမဂ္ဂ အစီရင်ခံစာ တစောင် က စွပ်စွဲ ဖော်ပြ ထားပါတယ်။

မြောက်ကိုရီးယား လူ့အခွင့်အရေး အခြေအနေ ဆိုးရွား နေမှု ကို နိုင်ငံတကာ ရာဇဝတ် ခုံရုံး ထိ တင်ပြဖို့ ဒီအစီရင်ခံစာက လုံခြုံရေး ကောင်စီ ကို တောင်းဆို ထားပါတယ်။

မြောက်ကိုရီးယား အနေအထား ဟာ အရှင်လတ်လတ် ငရဲ ကျသလို ဖြစ်နေပြီး မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်ပြီး လုံခြုံရေး ကောင်စီ က လျစ်လျူ ရှု သလို ဖြစ်နေ တာကို ဒီကနေ့ ဖယ်ရှား နိုင်ခဲ့ပြီ လို့ Samantha Powell က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ