ပြင်သစ် လုံခြုံရေး အဆင့်တိုးမြှင့်

france ဓာတ်ပုံ မူပိုင် AFP
Image caption လုံခြုံရေး စောင့်ကြည့် နေတဲ့ ပြင်သစ် ရဲတွေ

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း တိုက်ခိုက်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ပြင်သစ် နိုင်ငံမှာ လုံခြုံရေး အဆင့်တိုးမြှင့် ထားလိုက်ပါတယ်။

ခရစ္စမတ် ပွဲတော် ကာလ အတွင်း ပြင်သစ် နိုင်ငံတလွှား စစ်သား နောက်ထပ် သုံးရာ ချထားမှာ ဖြစ်သလို ရဲတွေလည်း ထပ်မံ ချထားမှာ ဖြစ်တယ် လို့ ပြင်သစ် ဝန်ကြီးချုပ် Manuel Valls က ပြောပါတယ်။

မြို့လယ်ခေါင် ရပ်ကွက် တွေနဲ့ ဘူတာရုံတွေ၊ ဆက်သွယ်ရေး လမ်းကြောင်း တွေကို အဓိက ထား စောင့်ကြည့် သွားမှာ ဖြစ်ပါတယ်။

ပြင်သစ် နိုင်ငံမှာ အကြမ်းဖက် ခြိမ်းခြောက်မှု အန္တရာယ် ရင်ဆိုင် နေရပြီး နောက်ထပ် အလားတူ တိုက်ခိုက် မှုတွေ ကြုံမှာကို စိုးရိမ်တယ် လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ တိုက်ခိုက်မှု ၂ ခုမှာ အစ္စလာမ္မစ် ကြွေးကြော်သံတွေ အော်ဟစ် ခဲ့တယ်လို့ ဆိုပါတယ်။

တနင်္လာ နေ့က ဖြစ်ပွားတဲ့ နန့်မြို့ တိုက်ခိုက်မှု အတွင်း ဒဏ်ရာရသူ အမျိုးသား တယောက် ဆေးရုံမှာ အနိစ္စရောက် ရှိသွားပြီ ဖြစ်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ