Norman Atlantic သင်္ဘောပေါ်​က ခရီးသည် တွေ​ကို ကယ်ဆယ်

141228_greece_ferry_fire ဓာတ်ပုံ မူပိုင် AP
Image caption ကယ်ဆယ်နေမှုတွေ ပိုပြီး မြန်ဆန်လာဖို့ အခင်းဖြစ်နေရာ ဧရိယာထဲ ရှိနေတဲ့ အီတလီ စစ်သင်္ဘောကနေ လာရောက် ကူညီ နိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင် တွေက မျှော်လင့်

အေဒရီယားတစ် ပင်လယ်ထဲ မီးလောင်ပြီး မျောပါနေခဲ့တဲ့ သင်္ဘောပေါ် လိုက်ပါ လာကြတဲ့ ခရီးသည် တွေ ထဲ ကနေ အယောက် ၁၆၀ ကျော်ကို ကယ်တင် ထားပြီးပြီ လို့ အီတလီ ရေတပ်က ပြောပါတယ်။ Norman Atlantic ဆိုပြီး နာမည် ပေးထားတဲ့ အဲဒီ့ သင်္ဘော ပေါ်မှာ နောက်ထပ် လူ ၃၀၀ ကျော် ရှိနေ သေးပြီး ဂရိနဲ့ အီတလီ အဖွဲ့တွေက ကယ်ဆယ်ဖို့ ကြိုးစား နေကြဆဲ ဖြစ်ပါတယ်။

ဂရိ ကမ်းစောင့်တပ်ရဲ့ ပြောခွင့်ရ နိကော့စ် လက်ဂ်ကာ ဒီယာနော့စ် ကတော့ ဒီ သင်္ဘော မီးလောင်မှုမှာ လူတစ်ဦး သေဆုံးကြောင်း ပြောကြားပါတယ်။

မီးလောင် နေတဲ့ သင်္ဘောရဲ့ အစိတ်အပိုင်း တွေကိုလည်း ဆွဲသင်္ဘော တစ်စီးပေါ် ကနေ မီးသတ် ပိုက်တွေနဲ့ လှမ်းပက်ပြီး ငြိမ်းသတ် ပေးနေပါတယ်။

သင်္ဘော ပေါ်က ခရီးသည် တွေကို စစ်ရဟတ် ယာဉ် တွေ ကနေ အုပ်စုလိုက် စီ ခွဲပြီး ဘေးလွတ်ရာ ဆီကို ဆွဲခေါ် သွားပေး နေပါတယ်။

ဒီလို ကယ်ဆယ် နေမှုတွေ ပိုပြီး မြန်ဆန်လာဖို့ အတွက် အခင်းဖြစ်နေရာ ဧရိယာထဲ ရှိနေတဲ့ အီတလီ စစ်သင်္ဘော ကနေ လာရောက် ကူညီ နိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင် တွေက မျှော်လင့် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ