ဘ​ရာ​ဇီး​ရဲ့ အမျိုးသမီး သမ္မတ ဒုတိယ သက်​တမ်း ကျမ်းသစ္စာ​ဆို

_dilma_rousseff ဓာတ်ပုံ မူပိုင် AFP
Image caption ဘရာဇီးရဲ့ စီးပွားရေး ပြန်လည် တိုးတက်မယ့် လမ်းကြောင်းပေါ် ရောက်ဖို့ လိုတယ်လို့ သမ္မတ ရူးဆက်ဖ် ပြော။

ဘရာဇီးလ် နိုင်ငံမှာ ဂျီးလ်မား ရူဆက်ဖ် ဟာ သူမရဲ့ ဒုတိယ အကြိမ်မြောက် သမ္မတ သက်တမ်း အတွက် ရာထူး လက်ခံ ကျမ်းသစ္စာ ကျိမ်ဆို လိုက်ပြီ ဖြစ်ပါတယ်။

သမ္မတ ဂျီးလ်မား ရူဆက်ဖ် က ဘရာဇီးလ် နိုင်ငံတော် ရဲ့ အခြေခံ ဥပဒေ ကို ကာကွယ် စောင့်ရှောက်မယ့် အကြောင်း နဲ့ တိုင်းသူ ပြည်သားတွေ ရဲ့ စည်ပင် ၀ပြောရေး ကို ဆောင်ရွက်မယ့် အကြောင်း ကျမ်းသစ္စာ ကျိမ်ဆို ခဲ့တာပါ။

လက်ဝဲ ဝါဒီ တစ်ဦး ဖြစ်တဲ့ ဂျီးလ်မား ရုးဆက်ဖ် က ဘရာဇီးလ် နိုင်ငံ ရဲ့ စီးပွားရေး အင်ဂျင်ကို လှုပ်နှိုးပြီး အကျင့်ပျက် ခြစားမှုတွေ ကိုလည်း ကိုင်တွယ် သွားမယ် လို့ ကတိပေး ပြောကြား ခဲ့ပါတယ်။

အထူးသဖြင့် နိုင်ငံပိုင် ရေနံ ကုမ္ပဏီ ဖြစ်တဲ့ ပက်ထရို ဘရာ့စ် နဲ့ ပတ်သက်ပြီး နာမည်ကြီး နိုင်ငံရေး သမားတွေ နဲ့ စီးပွားရေးသမား တွေ ပါဝင် ပတ်သက် နေတဲ့ ငွေရေး ကြေးရေး ဆိုင်ရာ အရှုပ်အရှင်း သတင်းတွေကို စုံစမ်း သွားမယ့် အကြောင်း ဂျီးလ်မား ရူးဆက်ဖက် က သူမ ရဲ့ သမ္မတ ကျိမ်းကျိမ်ပွဲ မိန့်ခွန်း ထဲမှာ ထည့်သွင်း ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ