ဆွီဒင် မှာဘာသာရေး လူမျိုးရေး ထိပါးမှုဆန့်ကျင်

_sweden_mosque_ ဓာတ်ပုံ မူပိုင် AFP TT
Image caption ဗလီ ဝတ်ကျောင်းရှေ့ ရဲစောင့်ရှောက်

ဆွီဒင်နိုင်ငံ မှာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ က Uppsala မြို့ရှိ ဗလီ ဝတ်ကျောင်း ကို ပုလင်းထဲ ဓါတ်ဆီ ထည့်ပြီး ပစ်တဲ့ လက်လုပ်ဗုံး အသုံးပြု မီးရှို့မှု ဟာ ဒါနဲ့ပါ ဆိုရင် တခြားမြို့ တွေရှိ ဗလီ ကို တိုက်ခိုက်မှု အရ သုံးကြိမ် ရှိ သွားပါပြီ။ ဗလီ အဆောက်အဦ ထိခိုက် ပျက်စီးမှု မရှိသလို လူတချို့ ဒဏ်ရာ ရမှု ပဲ ရှိပါတယ်။

အခုလို လူမျိုးရေး ဘာသာရေး ခွဲခြား မှု ကို လက်မခံတဲ့ အနေနဲ့ မနေ့ က စတော့ဟုမ်း မြို့တော်မှာ လူပေါင်း တထောင်ကျော် စီတန်းလှည့်လည် ဆန္ဒပြကြပါတယ်။ လူမှုရေး နဲ့ ပြည်သူ့ရေးရာ အုပ်ချုပ်ရေး ဌာန ဝန်ကြီး Ardalan Shekarabi ကလည်း သူတို့ အနေနဲ့ အခုလို ဘာသာရေး ဆိုင်ရာ အဆောက်အအုံ တွေ ကို တိုက်ခိုက်မှု တွေ ကာကွယ် ရအောင် အစိုးရ အနေနဲ့ရော၊ ရဲ တပ်ဖွဲ့ ကပါ အရေးယူ ဆောင်ရွက်မှု ပြုနေ တဲ့ အကြောင်း၊ ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း ဘာသာရေး ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဖို့၊ ဆွေးနွေးဖို့ ပြည်ထဲရေး ဝန်ကြီး ကို တာဝန် ပေးလိုက် ပါပြီ။ အထူးသဖြင့် အမုန်းတရား အခြေခံတဲ့ ရာဇဝတ်ပြစ်မှု တွေ ကာကွယ် တားဆီး နိုင်အောင် ဖြစ်ပါတယ် လို့ ရှင်းပြ သွားတာပါ။

ဆွီဒင်နိုင်ငံ မှာ စစ်ဒဏ်သင့် အီရတ်၊ အက်ဖဂန် နစ္စတန် နဲ့ ဆီးရီးယား က စစ်ပြေး ဒုက္ခသည်တွေ ကို ခိုလှုံခွင့် ပြုခဲ့တဲ့ နောက်ပိုင်း မှာ အခုလို လူမျိုးရေး၊ ဘာသာရေး ခွဲခြား ဆက်ဆံမှု တွေ ပေါ်ပေါက်လာတဲ့ အကြောင်း ဥရောပ မှ ဘီဘီစီ သတင်းထောက်တွေ က သတင်းပေးပို့ လိုက်ပါတယ်။