ဆီးရီးယားတွေအပေါ် လက်ဘနွန် ပြည်ဝင်ခွင့် တင်းကျပ်

ဓာတ်ပုံ မူပိုင် AFP
Image caption ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်လာလို့ လက်ဘနွန် မနိုင်မနင်း ဖြစ်လာ

လက်ဘနွန် နိုင်ငံထဲကို ဝင်ရောက်မယ့် ဆီးရီးယား နိုင်ငံသားတွေ အပေါ် ပြည်ဝင်ခွင့် စည်းကမ်း သတ်မှတ်ချက် အသစ်တွေ ချမှတ် လိုက်တာကြောင့် ပြည်တွင်း စစ်ဒဏ် ခံနေကြရတဲ့ ဆီးရီးယား နိုင်ငံသားတွေ အတွက် စိုးရိမ်မကင်း ဖြစ်မိကြောင်း ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ UNHCR က ပြောပါတယ်။

ဒီစည်းကမ်းတွေကြောင့် စစ်ဘေးက ထွက်ပြေးကြတဲ့ ဆီးရီးယား ဒုက္ခသည်တွေ အတွက် နိုင်ငံတကာ အကူအညီတွေ မပေးနိုင်တော့ မှာကို UNHCR က စိုးရိမ်တာ ဖြစ်ပါတယ်။

အရင်က လက်ဘနွန် နိုင်ငံထဲကို ဝင်ရောက်မယ့် ဆီးရီးယားတွေ အနေနဲ့ ဘာ အကန့်အသတ်မှ မရှိခဲ့ပေမယ့် အခုတော့ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထား ရတော့မှာ ဖြစ်ပါတယ်။

လက်ဘနွန် နိုင်ငံတွင်းမှာ ဆီးရီးယား ဒုက္ခသည် တစ်သန်းကျော် ရှိနေပြီး အလုံးအရင်းနဲ့ ဝင်ရောက်နေမှုကို ထိန်းချုပ်ဖို့ အခုလို လုပ်ဆောင်တာ ဖြစ်ပါတယ်။

ဆီးရီးယား နိုင်ငံမှာ သမ္မတ အာဆတ်နဲ့ သူ့ကို ဆန့်ကျင်တဲ့ သူပုန်တွေ အကြား တိုက်ခိုက်နေတဲ့ ပြည်တွင်းစစ် ဒဏ်ကြောင့် ဒုက္ခသည် သန်းပေါင်း များစွာ အိုးအိမ် စွန့်ခွာ နေခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ