ပဲရစ်မြို့က မဂ္ဂဇင်းတိုက်မှာ ၁၀ဦးကျော် အစုလိုက် ပစ်သတ်ခံရ

ဓာတ်ပုံ မူပိုင် AFP
Image caption သေနတ်သမား ၂ဦး ထွက်ပြေးစဉ်

ပြင်သစ် နိုင်ငံ ပဲရစ်မြို့မှာ သရော်စာတွေ ရေးသား ထုတ်ဝေတဲ့ Charlie Hebdo ဆိုတဲ့ မဂ္ဂဇင်းတိုက်ကို အစ္စလာမ္စစ် အစွန်းရောက်တွေလို့ ယူဆရတဲ့ မျက်နှာဖုံးစွပ် သေနတ်သမားတွေက ဝင်ရောက် ပစ်ခတ် တိုက်ခိုက် ခဲ့တဲ့အတွက် ရဲအရာရှိ နှစ်ယောက် အပါအဝင် လူ ၁၂ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြင်သစ် ရဲတွေက ပြောပါတယ်။

မျက်နှာဖုံးစွပ် သေနတ်သမား အနည်းဆုံး ၂ ယောက်က မဂ္ဂဇင်းတိုက် ရုံးခန်း အတွင်းမှာ တိုက်ခိုက်ရေး ရိုင်ဖယ် သေနတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ပြီးနောက် ပြန်လည် ထွက်ခွာစဉ် လမ်းပေါ်မှာ ရဲတွေနဲ့ အပြန်အလှန် ပစ်ခတ်ပြီး ကားနဲ့ ထွက်ပြေး လွတ်မြောက် သွားပါတယ်။

သေနတ်သမားတွေက 'တမန်တော် မိုဟာမက်အတွက် လက်စားချေခဲ့ပြီ' လို့ အော်ဟစ် ခဲ့ကြတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

ပဲရစ်မြို့ အခြေစိုက် Charlie Hebdo မဂ္ဂဇင်းဟာ အရင်တုန်းကလည်း အစ္စလာမ္မစ် အစွန်းရောက် သမားတွေရဲ့ ပစ်မှတ်ထားတာကို ခံခဲ့ရဖူးပါတယ်။

လူသတ်သမားတွေကို ရှာဖွေဖို့ ရဲတွေက စစ်ဆင်ရေးကြီး တစ်ရပ်ကို ဆောင်ရွက်နေပြီး ပဲရစ် မြို့တော်ကို လုံခြုံရေး အမြင့်ဆုံး အဆင့်အထိ တပ်လှန့် ထားလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ