ဥ​ရော​ပ​မှာ ရှိ​တဲ့ အမေ​ရိ​ကန် စစ်​အခြေ​စိုက် စခန်း​တွေ ပိတ်​သိမ်း

chuck_hagel ဓာတ်ပုံ မူပိုင် REUTERS
Image caption အမေရိကန် စစ်ဘက်ဟာ အာရှ-ပစိဖိတ် ဒေသအပေါ် ရည်မှန်းချက် ပိုထား လာတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဥရောပမှာ ထားရှိတဲ့ အမေရိကန် စစ် အခြေစိုက် စခန်း ၁၅ ခုကို ပိတ်သိမ်း ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချာ့ခ်ဟေဂယ်က အတည်ပြု ပြောကြားပါတယ်။

အခုလို ပိတ်သိမ်း လိုက်တဲ့ အတွက် အမေရိကန် အနေနဲ့ တစ်နှစ်ကို ဒေါ်လာ သန်းပေါင်း ၅ ရာ လောက် အကုန်အကျ သက်သာ သွားမယ် လို့ အမေရိကန် စစ်ဌာနချူပ် ပဲန်တဂန် က ဆိုပါတယ်။

ဥရောပ မှာ အမေရိကန် တပ်ဖွဲ့ဝင် ၆ သောင်း ကျော် ချထားတာမှာ ဂျာမဏီ၊ အီတလီနဲ့ ဗြိတိန် တို့မှာ အများဆုံး ဖြစ်ပါတယ်။

အခုလို ဥရောပ မှာ အမေရိကန်ရဲ့ စစ်အင်အား လျှော့ချ လာတာဟာ ပဲန်တဂန် အနေနဲ့ အာရှ-ပစိဖိတ် ဒေသ အပေါ် ရည်မှန်းချက် တွေ ပိုမို ထားရှိလာ လို့ ဖြစ်တယ် ဆိုပြီး ဘီဘီစီရဲ့ သတင်းထောက်က တော့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ