သေနတ်သမား နှစ်ယောက်ကို ပြင်သစ် ရဲတွေ ဝိုင်းမိပြီ

ဓာတ်ပုံ မူပိုင် google
Image caption သေနတ်သမားတွေ ခိုအောင်းနေတဲ့ အဆောက်အအုံကို Google Street View ကနေ မြင်ရစဉ်။

ပြင်သစ်နိုင်ငံ ပဲရစ် မြို့တော်မှာ ဗုဒ္ဓဟူးနေ့က လူ ၁၂ ယောက် သေဆုံး ခဲ့ရတဲ့ Charlie Hebdo မဂ္ဂဇင်းတိုက်ကို တိုက်ခိုက်ခဲ့သူ အစ္စလာမ်မစ် စစ်သွေးကြွတွေလို့ ယူဆရသူ နှစ်ယောက် ရှိရာ နေရာကို ရာနဲ့ ချီတဲ့ ပြင်သစ် ရဲတွေ ပိတ်ဆို့ ဝိုင်းထား ပါတယ်။

ပဲရစ်မြို့တော် အရှေ့မြောက်ပိုင်း ကီလိုမီတာ ၄၀ အကွာက Demmartin-en-Goele မြို့မှာ ဓားစာခံ အနည်းဆုံး တစ်ယောက်ကို ဖမ်းထားတဲ့ ပြင်သစ် နိုင်ငံသား အယ်လ်ဂျီးရီးယား ညီအစ်ကို သေနတ်သမား နှစ်ယောက်နဲ့ အပြင်က ဝိုင်းထားတဲ့ ရဲတွေ အဆက်အသွယ် လုပ်ခဲ့တယ်လို့ ပြင်သစ်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကွာရှီ Said နဲ့ Cherif Kouachi ဆိုတဲ့ သေနတ်သမားတွေက အဖမ်းမခံပဲ အသေသာ ခံမယ်လို့ ပြောခဲ့ ကြောင်းလည်း သိရပါတယ်။

သူတို့ ခိုအောင်းနေတယ်လို့ ယူဆရတဲ့ ဒမာတန် အွန်ဂိုလ် မြို့က အဆောက်အဦကို ဒီကနေ့ တစ်မနက်လုံး လုံခြုံရေး တပ်တွေက ဝိုင်းထားပြီး ဝင်တိုက်ဖို့ ပြင်နေခဲ့ ပေမယ့် ဓားစာခံ ရှိနေလို့ အဆောက် အဦကို ဝင်စီးဖို့ အရေး အသေအချာ စဉ်းစားနေရတယ်လို့ သိရပါတယ်။

ဒါမာတန်မြို့မှာ သေနတ်သမား နှစ်ယောက်ကို ရဲတွေက ဝိုင်းရံထားချိန်မှာပဲ ပဲရစ်မြိုတော် အရှေ့ပိုင်းက ဂျူးဈေးတန်းတစ်ခုမှာ သေနတ်သမား တစ်ယောက်က ပစ်ခတ်လို့ လူ တစ်ဦး ဒဏ်ရာရသွားပါတယ်။

ဓားစာခံ တစ်ဦးကိုလည်း ဖမ်းဆီး ထားရတယ်လို့ သိရပါတယ်။

ရဲတွေက အဲဒီ နေရာကို ရောက်သွားပြီး ရှင်းလင်းနေပါတယ်။

အခု ပစ်တဲ့ သေနတ်သမားဟာ မနေ့က ရဲ အရာရှိ အမျိုးသမီး တစ်ဦးကို ပစ်သတ်သွားသူနဲ့ အတူတူပဲလားဆိုတာကတော့ ချက်ခြင်း မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ