တခြား နိုင်ငံ​တွေ​နဲ့ ပူးပေါင်း ဆောင်ရွက်​မှု တိုး​မြှင့်​မယ်​လို့ သီ​ရိ​လင်္ကာ သမ္မတ​သစ် ပြော

maithripala_sirisena_supporter ဓာတ်ပုံ မူပိုင် AFP
Image caption တိုင်းပြည်တွင်း ငြိမ်းချမ်းရေး ရစေဖို့ လုပ်ဆောင် နိုင်မယ်လို့ မျှော်လင့်

သီရိလင်္ကာ နိုင်ငံမှာ သမ္မတသစ် ဖြစ်လာခဲ့တဲ့ မိုင်ထရီပါလ ဆီရာဆေးနာ က တိုင်းပြည် ဖွံ့ဖြိုး တိုးတက် ဖို့ အတွက် တခြား နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်မယ်လို့ ပြောလိုက် ပါတယ်။

မြို့တော် ကိုလံဘို မှာ သမ္မတ သစ် ကျမ်းသစ္စာ ကျိန်ဆို ခဲ့အပြီး အခုလို ပြောကြား ခဲ့တာပါ။

မစ္စတာ ဆီရာဆေးနာ ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ သမ္မတဟောင်း မဟိန္ဒာ ရာဂျာပတ် ကို ရွေးကောက်ပွဲ မှာ အနိုင် ရခဲ့တာ ဖြစ်ပါတယ်။

သီရိလင်္ကာ နိုင်ငံမှာ ရှိတဲ့ တမီလ် လူမျိုးစုတွေရဲ့ အကြီးဆုံး နိုင်ငံရေးပါတီ ရဲ့ ခေါင်းဆောင် မစ္စတာ ဆမ်ပါသန် က သမ္မတသစ် တက်လာတာနဲ့ ပတ်သက်ပြီး အခု သမ္မတသစ် ရဲ့ ရွေးကောက်ပွဲ အောင်မြင်မှု ထဲမှာ တမီလ် စကားပြော လူနည်းစုတွေ ရဲ့ မဲတွေက အရေးပါတဲ့ နေရာမှာ ရှိခဲ့ပြီး သမ္မတသစ် အနေနဲ့ တိုင်းပြည်တွင်း ငြိမ်းချမ်းရေး ရစေဖို့ လုပ်ဆောင် နိုင်မယ်လို့ မျှော်လင့် ပါတယ် ဆိုပြီး ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ