ပြင်သစ် မဂ္ဂဇင်း စောင်ရေ သန်းချီ ဖြန့်မယ်

Charlie Hebdo ဓာတ်ပုံ မူပိုင် AFP Getty
Image caption ပစ်ခတ်မှု အတွက် လူသိန်းချီ ဆန္ဒပြ

ပြင်သစ် သရော်စာ တွေ ကို အပတ်စဉ် ထုတ်နေတဲ့ Charlie Hebdo မဂ္ဂဇင်း က သူတို့ အယ်ဒီတာ ရုံးခန်း ပစ်ခတ်မှု ဖြစ်ပြီးနောက် ပြန်ထုတ်မယ့် စာစောင်ကို စောင်ရေ ၃ သန်း ဖြန့်ချိမယ် လို့ ပြောကြား လိုက်ပါတယ်။

ဒီစာစောင်သစ် မျက်နှာဖုံးမှာ အားလုံး ခွင့်လွှတ်တယ် ဆိုတဲ့ ခေါင်းစီး ပါရှိပြီး အဲဒိ အောက်က တမန်တော် မိုဟာမက်က သူဟာ ချာလီပဲ ဆိုတဲ့ ဆိုင်းဘုတ် ကိုင်ထားတဲ့ ကာတွန်းကို ဖော်ပြ မယ် လို့လည်း သိရပါတယ်။

ဒီပစ်ခတ်မှုကြောင့် မဂ္ဂဇင်း အယ်ဒီတာ နဲ့ နာမည်ကျော် ကာတွန်းဆရာ တချို့ ပွဲချင်းပြီး သေဆုံး ခဲ့ကြ ရပြီး ဒီ သေဆုံးသူ တွေ ဘက်က ထောက်ခံ တဲ့ အနေနဲ့ ဒီကြွေးကြော်သံကို သုံးစွဲလေ့ ရှိကြ ပါတယ်။

ပုံမှန်က ဒီစာစောင်ကို စောင်ရေ ခြောက်သောင်း လောက်ပဲ ရောင်းရလေ့ ရှိပေမယ့် ကမ္ဘာ တလွှားက အမှာစာ တွေ အများအပြား ရရှိ ခဲ့ပါတယ်။

လူပေါင်း ၁၇ ယောက် သေဆုံး ခဲ့ရတဲ့ ပါရီ မြို့က ဒီ တိုက်ခိုက်မှု တွေ အပြီး သေနတ်သမား ၃ ယောက် ရဲ့ ကြံရာပါ တွေကိုလည်း ပြင်သစ် ရဲက ဆက်လက် ရှာဖွေ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ