လုံခြုံရေး တပ်ဖွဲ့ဝင် တစ်သောင်း ပြင်သစ် ချထားမယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျူး စာသင်ကျောင်းတွေနဲ့ ဂျူး ဘုရားကျောင်းတွေမှာ လုံခြုံရေးတွေ ချထား

ပြင်သစ် နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကြောက်မက်ဖွယ် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား တစ်သောင်းကို တိုးချဲ့ ချထားမယ်လို့ ပြင်သစ် အစိုးရက ပြောပါတယ်။

ဒါ့အပြင် ဂျူး စာသင်ကျောင်း ၇၀၀ ကို ကာကွယ်ဖို့ အတွက်လည်း လုံခြုံရေး တပ်ဖွဲ့ဝင် ငါးထောင်ကို သီးခြား ထပ်မံ ချထားမယ်လို့ ဆိုပါတယ်။

မနက်ဖြန် အင်္ဂါနေ့က စတင်ပြီး ပြင်သစ် နိုင်ငံရဲ့ အရေးပါတဲ့ နေရာတွေမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို စတင် ချထားမှာ ဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီး Jean-Yves Le Drian က ပြောပါတယ်။

ခုလို များပြားတဲ့ အရေအတွက်နဲ့ လုံခြုံရေး အင်အား ချထားမယ့် အစီအစဉ်ဟာ ပြင်သစ်မှာ ပထမဆုံး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားတဲ့ Charlie Hebdo မဂ္ဂဇင်း ရုံးကို တိုက်ခိုက်မှု၊ ရဲအရာရှိကို တိုက်ခိုက်မှုနဲ့ ဂျူး စူပါမားကတ်ကို တိုက်ခိုက်မှု စတဲ့ အကြမ်းဖက်မှု တွေမှာ စုစုပေါင်း လူ ၁၇ ဦး သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ