Charlie Hebdo မဂ္ဂဇင်း ကနေ့ ဖြန့်မယ်

charlie ဓာတ်ပုံ မူပိုင်
Image caption ကျန်ရစ်သူတွေက မဂ္ဂဇင်း ဆက်ထုတ်မယ်

Charlie Hebdo ပြင်သစ် ဟာသ မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ က သူတို့ ဗုဒ္ဓဟူးနေ့ ထုတ်မယ့် စာစောင် မျက်နှာဖုံး က တမန်တော် မိုဟာမက် ပုံ ဟာ နူးညံ့ သိမ်မွေ့ ပြီး ရယ်ရွှင်ဖွယ် ကောင်းတယ်၊ မဂ္ဂဇင်းရဲ့ စိတ်ဓာတ် နဲ့ လည်း လိုက်ဖက်တယ် လို့ ပြောကြား လိုက်ပါတယ်။

အသက်မသေ ကျန်ရစ်သူတွေ ထုတ်ဝေ မယ့် မဂ္ဂဇင်းမှာ မျက်နှာဖုံးက ကျွန်တော်ဟာ ရှာလီ ဖြစ်တယ် ဆိုတဲ့ စာတန်းနဲ့ ငိုကြွေးနေတဲ့ တမန်တော် မိုဟာမက် ပုံ ပါရှိ ပါတယ်။

အဲဒိ ပုံရဲ့ အထက်က အားလုံး ခွင့်လွှတ် တယ် ဆိုတဲ့ စာသားလည်း ပါပါတယ်။

ဒီကာတွန်းဟာ ကျိုးကြောင်း မဆီလျော်တဲ့ ရန်စ လှုံ့ဆော်မှုသာ ဖြစ်တယ် လို့ အီဂျစ် နိုင်ငံက အစိုးရရဲ့ တရားဝင် အစ္စလာမ္မစ် အာဏာပိုင် အဖွဲ့က ပြောကြား လိုက်ပါတယ်။

ဒီရုပ်ပုံကြောင့် နောက်ထပ် အမုန်းတရားတွေ ဖြန့်ဖြူး လိမ့်မယ်လို့လည်း ဆွန်နီ မွတ်ဆလင် တွေရဲ့ အဓိကရ ပညာရေး ဌာန ဖြစ်တဲ့ Al-Azhar က ပြောပါတယ်။

ဒါပေမဲ့ ဒီမျက်နှာဖုံးဟာ လုပ်ဖော် ကိုင်ဘက် ၈ ယောက် သေဆုံး ခဲ့ရ ပေမယ့် သတင်း သမား တွေက ခွင့်လွှတ်တယ် ဆိုတဲ့ အဓိပ္ပာယ်သာ ဖြစ်တယ်လို့ သတင်းထောက် တယောက်က ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ