ဆိုင်ဘာ လုံခြုံရေး တင်းကျပ်ဖို့ ကြိုးစား

us ဓာတ်ပုံ မူပိုင်
Image caption ကန် စစ်ဌာနချုပ် ကို အင်တာနက်က တိုက်ခိုက်

အမေရိကန် ဗဟို စစ်ဌာနချုပ် နဲ့ ဆိုနီ ရုပ်ရှင် ကုမ္ပဏီ ကို ဆိုင်ဘာ အင်တာနက်က တိုက်ခိုက်မှု တွေ ဖြစ်ပွားပြီးနောက် ဆိုင်ဘာ လုံခြုံရေး ပိုမို တင်းကျပ် ဖို့ အစီအစဉ်သစ် တွေကို သမ္မတ အိုဘားမားက ကြေညာ လိုက်ပါတယ်။

ဒီ အရေးပေါ် တိုက်ခိုက်မှု တွေဟာ အမေရိကန် နိုင်ငံကို အန္တရာယ် ပေးနိုင်မှု ပိုကြီးထွား လာနေတာမို့ ဆိုင်ဘာ ရာဇဝတ် သမား တွေကို စုံစမ်း စီရင်ဖို့ ဥပဒေ ဘက်တော်သား တွေမှာ အာဏာတွေ ပိုလိုအပ် နေတယ်လို့ သူက ပြောပါတယ်။

အစိုးရ ဌာန တွေကို သတင်း အချက်အလက်တွေ ပိုပေးဖို့၊ ဆိုင်ဘာ ခြိမ်းခြောက်မှု ကြုံရ ကြောင်း အကြောင်းကြား တဲ့ စီးပွားရေး လုပ်ငန်း တွေကို ဥပဒေ အရ ကာကွယ် ပေးဖို့ ဆိုတဲ့ အစီအစဉ် တွေကို ထုတ်ပြန် ခဲ့ပါတယ်။

အချက် အလက် စုဆောင်းမှုတွေကြောင့် ပုဂ္ဂလိက အခွင့်အရေးတွေ ထိခိုက်မှာ စိုးရိမ်တဲ့ အတွက် ဒီပြုပြင်ရေး တွေ လုပ်ဖို့ အရေးမှာ ကွန်ဂရက် လွှတ်တော်က ဟန့်တားခဲ့ဖူးတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ