ကိုရီးယား လေကြောင်း အရာရှိဟောင်း အမှု စတင် ကြားနာ

ဓာတ်ပုံ မူပိုင် AP
Image caption မစ် Cho က ရာထူးကနေ နုတ်ထွက်ပြီး လူသိရှင်ကြား တောင်းပန်ခဲ့

လေယာဉ်ပေါ်မှာ သစ်သီးဆံ တွေကို ပန်းကန်နဲ့ ထည့်မပေးဘဲ အိတ်နဲ့ ချပေးခဲ့တာကို မကျေနပ်လို့ စိတ်လွတ် ကိုယ်လွတ် ဆောင်ရွက်ခဲ့တဲ့ တောင်ကိုရီးယား လေကြောင်းလိုင်း အမှုဆောင် အရာရှိဟောင်း Cho Hyun-ah ရဲ့ အမှုကို ဆိုးလ် မြို့မှာ စတင် ကြားနာ စစ်ဆေး ခဲ့ပါတယ်။

ကိုရီးယား လေကြောင်းလိုင်းရဲ့ ဒုတိယ ဥက္ကဋ္ဌဟောင်း ဖြစ်သူ Cho Hyun-ah က အဲဒီ အချိန်က ဘီးလှိမ့် ထွက်ခွာနေတဲ့ လေယာဉ်ကို ဂိတ်ပေါက်ဆီ ပြန်လှည့်ဖို့ အမိန့်ပေးခဲ့ပြီး လေယာဉ် ဝန်ထမ်း ခေါင်းဆောင်ကို လေယာဉ်ပေါ်ကနေ ဆင်းခိုင်း ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ကတည်းက ထိန်းသိမ်း ခံထားရတဲ့ မစ် Cho ဟာ လေကြောင်း လုံခြုံရေးကို နှောင့်ယှက်တယ် ဆိုတဲ့ စွဲချက်ကို တနင်္လာနေ့မှာ အသနားခံ ထုချေ ခဲ့ပါတယ်။

အကြောင်းပြချက် ကောင်းကောင်း မရှိဘဲ လေယာဉ် တစ်စီးကို လမ်းကြောင်း ပြောင်းစေတဲ့ ပြစ်မှု ထင်ရှားမယ် ဆိုရင် သူမဟာ ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ် ကျခံရဖွယ် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ