ပုပ်ရဟန်းမင်းရဲ့ အာရှ ခရီးစဉ် အဆုံးသတ်

ဓာတ်ပုံ မူပိုင် AFP
Image caption စံချိန်တင် ပရိသတ် အရေအတွက် ၆ သန်းကို စကားပြောစဉ်

ဖိလစ်ပိုင် နိုင်ငံကို ၅ ရက်တာ အလည်အပတ် ရောက်ရှိခဲ့စဉ် အတွင်း စံချိန်တင် အရေအတွက် သန်းနဲ့ချီတဲ့ လူထု ပရိသတ်တွေရဲ့ ကြိုဆိုမှုကို ခံယူ ရရှိခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ တနင်္လာနေ့မှာ ဖိလစ်ပိုင်ကနေ ပြန်လည် ထွက်ခွာ သွားခဲ့ပြီး တစ်ပတ်ကြာ ခဲ့တဲ့ သူ့ရဲ့ အာရှ ခရီးစဉ်ကို အဆုံးသတ် ခဲ့ပါတယ်။

တနင်္ဂနွေနေ့က မနီလာ မြို့မှာ ပြုလုပ်ခဲ့တဲ့ လဟာပြင် စုဝေးပွဲမှာ လူထု ပရိသတ် အရေအတွက် ၆ သန်းက မိုးထဲ လေထဲမှာ စုဝေး တက်ရောက် ခဲ့ကြပါတယ်။

ဒီအရေအတွက်ဟာ သမိုင်း တစ်လျှောက်မှာ ပုပ်ရဟန်းမင်း ရှေ့မှောက်ကို စုဝေး တက်ရောက်တဲ့ ပရိသတ် အရေအတွက်ထဲမှာ အများဆုံး စံချိန်တင်လိုက်တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၂၀ ကလည်း မနီလာ မြို့မှာပဲ ပရိသတ် အများဆုံး စံချိန် တင်ထားခဲ့တာ ဖြစ်ပြီး အဲဒီအချိန်က ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ၂ ရဲ့ ရှေ့မှောက်ကို ဖိလစ်ပိုင် ပရိသတ် ၅ သန်း တက်ရောက် ခဲ့ပါတယ်။

ပုပ်ရဟန်းမင်း ဖရန်စစ်ရဲ့ အာရှ ခရီးစဉ် အတွင်း ကက်သလစ် ဘာသာဝင် သန်း ၈၀ ရှိတဲ့ ဖိလစ်ပိုင်ကို မလာရောက်မီ သီရိလင်္ကာ နိုင်ငံကို အရင် သွားရောက် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ