IS အဖွဲ့ အရေး လန်ဒန်မှာ ၂၁ နိုင်ငံ ဆွေးနွေး

ဓာတ်ပုံ မူပိုင် AFP
Image caption မဟာမိတ်တွေက လေကြောင်းကနေ တိုက်ခိုက် နေပေမယ့် ထပ်မံ ဆောင် ရွက်စရာတွေ ရှိနေဟု ဆို

လန်ဒန် မြို့မှာ နိုင်ငံ ၂၁ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံပြီး IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ကို တိုက်ခိုက်ရာမှာ ပူးပေါင်း ဆောင်ရွက်ရမယ့် နည်းဗျူဟာတွေကို ဆွေးနွေး နေပါတယ်။

ဆီးရီးယားနဲ့ အီရတ်မှာ နယ်မြေ အတော်များများကို သိမ်းပိုက် ထားတဲ့ IS အဖွဲ့ကို ပြီးခဲ့တဲ့ သြဂုတ်လက စပြီး အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တွေက လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ် နေခဲ့ပေမယ့် မလုံလောက်ဘဲ ထပ်မံ ဆောင်ရွက်စရာတွေ အများကြီး ရှိနေသေးကြောင်း ယူကေ နိုင်ငံခြားရေး ဝန်ကြီး Philip Hammond က ပြောပါတယ်။

IS အဖွဲ့ဝင်တွေ တပ်သားသစ် မစုဆောင်းနိုင်အောင်၊ ရန်ပုံငွေ ရနေတာတွေ ဖြတ်တောက် နိုင်အောင်နဲ့ သူတို့ရဲ့ ဝါဒဖြန့်ချက် တွေကို တားဆီးနိုင်အောင် နည်းလမ်းတွေ ရှာကြရမှာ ဖြစ်တယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

IS အဖွဲ့ကို မြေပြင်ကနေ တိုက်ခိုက်နေတဲ့ ကာ့ဒ်တပ်ဖွဲ့တွေကိုလည်း စစ်ရေး ထောက်ပံ့မှုတွေ ပိုမို လုပ်ဆောင်ဖို့နဲ့ ဒုက္ခသည်တွေ အတွက် ထောက်ပံ့ရေး အစီအစဉ်တွေကိုလည်း ဆွေးနွေး ကြမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ