အမေ​ရိ​ကန် ကိုယ်စားလှယ် ကျူး​ဘား အတိုက်​အခံ​တွေ​နဲ့ တွေ့ဆုံ

sp_roberta_jacobson ဓာတ်ပုံ မူပိုင် AP
Image caption မစ္စ ဂျက်ကော့ဘ်ဆင် က အမေရိကန် ဟာ ကျုးဘား ရဲ့ လူ့ အခွင့် အရေး ဆိုင်ရာ ကိစ္စတွေ အပေါ် ဆက်လက် ထောက်ပြ ဝေဖန် သွားမှာ ဖြစ်တဲ့ အကြောင်း ကတိပြု ပြောကြား ခဲ့ပါတယ်။

ကျူးဘား နိုင်ငံ ကို ရောက်ရှိ နေတဲ့ အမေရိကန် ပြည်ထောင်စု ရဲ့ လက်တင် အမေရိကန် ဒေသ ရေးရာ ထိပ်တန်း သံတမန် ရောဘတ်တာ ဂျက်ကော့ဘ်ဆင် ဟာ မြို့တော် ဟာဗာနား မှာ ကျူးဘား အတိုက်အခံ ခေါင်းဆောင် တချို့ နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

ကျူးဘား ကွန်မြူနစ် အစိုးရ ကို ဆန့်ကျင် နေတဲ့ အတိုက်အခံ တွေရဲ့ ဆောင်ရွက်မှု တွေ ကို အမေရိကန် က ဆက်လက် ထောက်ခံ ဖို့ ကျူးဘား အတိုက်အခံ တွေ က မစ္စ ဂျက်ကော့ဘ်ဆင် ကို တောင်းဆို ခဲ့ကြပါတယ်။

ခရီးစဉ် အဆုံးသတ် သတင်းစာ ရှင်းလင်း ပွဲမှာ မစ္စ ဂျက်ကော့ဘ်ဆင် က အမေရိကန် ဟာ ကျုးဘား ရဲ့ လူ့ အခွင့် အရေး ဆိုင်ရာ ကိစ္စတွေ အပေါ် ဆက်လက် ထောက်ပြ ဝေဖန် သွားမှာ ဖြစ်တဲ့ အကြောင်း ကတိပြု ပြောကြား ခဲ့ပါတယ်။

၁၉၆၁ ခုနှစ် ကတည်းက ကျိုးပြတ် နေခဲ့တဲ့ ၂ နိုင်ငံကြား သံတမန် နဲ့ စီးပွားရေး ဆက်ဆံမှု တွေ ကို ပြန်လည် တည်ဆောက်ဖို့ ဒီ ခရီးစဉ် အတွင်းမှာ မစ္စ ဂျက်ကော့ဘ်ဆင် ဟာ ကျူးဘား အာဏာပိုင် တွေနဲ့ ၂ ရက်တာ ဆွေးနွေး ခဲ့ပါတယ်။

ကျူးဘား နဲ့ ဆက်ဆံရေး ပြန်လည် ထူထောင် ဖို့ ရှည်လျား မယ့် ခရီးလမ်း ဖြစ်ပြီး အမျိုးမျိုးသော ကိစ္စချင်းရာ တွေ ပေါင်းစပ် ပါဝင် နေတယ် လို့ မစ္စ ဂျက်ကော့ဘ်ဆင် က ပြောခဲ့ပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ