ဂရိ ဝန်ကြီးချုပ်သစ် ကျမ်းကျိန်

Supporters of Alexis Tsipras ဓာတ်ပုံ မူပိုင် EPA
Image caption ခြိုးခြံရေးမူကို ဆန့်ကျင်တဲ့ လက်ဝဲ ပါတီ ခေါင်းဆောင် Alexis Tsipras ဂရိ ဝန်ကြီးချုပ် ဖြစ်လာ

ဂရိ နိုင်ငံ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ခြိုးခြံချွေတာရေး မူဝါဒကို ဆန့်ကျင်တဲ့ လက်ဝဲ ပါတီ ဆီရစ်ဇာ Syriza ပါတီက Independent Greeks ဆိုတဲ့ လက်ယာ ပါတီငယ် တစ်ခုနဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့ သဘော တူလိုက်ပြီ ဖြစ်ပါတယ်။

Syriza ပါတီ ခေါင်းဆောင် အဲလက်စစ် ဆီးပရပ်စ် Alexis Tsipras က မကြာသေးခင်ကပဲ ဝန်ကြီးချုပ် အဖြစ် ကျမ်း သစ္စာ ကျိန်ဆိုခဲ့ပါတယ်။

အခု တက်လာမယ့် ညွန့်ပေါင်း အစိုးရသစ် လက်ထက်မှာ ဂရိ ကြွေးမြီတွေ လျော်ပစ်ရေး နဲ့ ပတ်သက်ပြီး တွန်းအားပေး ညှိနှိုင်းသွားမယ့် မူဝါဒ ရှိပါတယ်။

ဥရောပ ကြွေးမြီ အထုပ်အပိုးကြီးကို လျှော့ချပြီး ပြန်လည် တည်ငြိမ်လာဖို့၊ ဖွံ့ဖြိုး တိုးတက်မှုတွေရဖို့ ဂရိ အစိုးရက မိတ်ဆွေတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားလိုတယ်လို့ မစ္စတာ Alexis Tsipras က ပြောပါတယ်။

ဒါပေမဲ့လည်း ဒီလို ဒေါ်လာ ၂၆၈ ဘီလျံ လောက် တန်တဲ့ အကြွေး ထက်ဝက်ကို လျှော်ပစ်ဖို့ ဆိုရာမှာ အတား အဆီး အခက်အခဲတွေ ရှိနေပါတယ်။

ကြွေးမြီ ထုတ်ချေးတုန်းက သဘောတူခဲ့တဲ့ စည်းကမ်းချက်တွေကို စောင့်ထိန်းဖို့ ဥရောပ ခေါင်းဆောင်ပိုင်းက ဂရိ အာဏာရ ခေါင်းဆောင်သစ်တွေကို သတိပေး နေကြပါတယ်။

လက်ရှိ ဂရိ နိုင်ငံ အတွက် ကြွေးမြီ ထုတ်ချေးရေး အစီအစဉ်က ဖေဖော်ဝါရီ လမှာ ကုန်ဆုံးမှာပါ။ ဒီအတွက် အကြွေး ပြန်ဆပ်ရမယ့် စည်းမျဉ်းတွေကို ဂရိ အစိုးရ မပယ်ဖျက်ဖို့ အဓိကထား ဆွေးနွေးမယ့် ပုံရှိတယ်လို့ စီးပွားရေး ပညာရှင် တွေက ဆိုပါတယ်။

မတ်လမှာ ဂရိကို ကြွေးမြီ ထုတ်ချေးမှု အသစ် ကမ်းလှမ်းဖို့ ရှိပါတယ်။ ဒီအခါ ဂရိ နိုင်ငံသားတွေ နဲ့ အစိုးရက အီးယူ ရဲ့ စည်းကမ်းတွေကို လိုက်နာ နိုင်လိမ့်မယ်လို့ ယူဆ ပါတယ်၊ ဂရိ ကို ရွေးကောက်ပွဲ မတိုင်ခင်နဲ့ အပြီးမှာ ဘာမှ မပြောင်းမလဲ ဆက်ဆံသွားမယ်လို့ ဆိုပါတယ်။

ဒီဘဏ္ဍာရေး မူတွေကြောင့် ဂရိကို ကြွေးတင် ကျွန်ဖြစ်အောင် လုပ်နေတယ်လို့ ဘဏ္ဍာရေး ဝန်ကြီးသစ် Yanis Varoufakis က ပြောကြား ခဲ့ပါတယ်။ ၂ဝဝ၈ ကမ္ဘာ့ စီးပွားရေး အကျပ်ဆိုက်ပြီးနောက် ဂရိမှာ အလုပ်လက်မဲ့ ရာနှုန်းမြင့်တက်လာလို့ စီးပွားရေး ကျပြီး ဥရောပ သမဂ္ဂနဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ တွေက ထုတ်ချေးခဲ့ရတာပါ။

ဂရိ အကြွေးကို လျော်ပစ်ဖို့ ဖြစ်နိုင်ခြေ နည်းတယ်လို့ ဥရောပ ဘဏ္ဍာရေး ဝန်ကြီးများ အဖွဲ့ ဥက္ကဋ္ဌ က ဘရပ်ဆဲမှာ အစည်းအဝေး မစခင် ပြောကြား ခဲ့ပါတယ်။

ဂရိကို အများအပြား ထုတ်ချေး ခဲ့တဲ့ ဂျာမနီ ကတော့ ကြွေးမြီ ထုတ်ချေးရေး စည်းကမ်းချက်တွေ ပြန်ညှိဖို့ အရိပ်အမြွက် မပြတဲ့ မတွက် ဂရိ နိုင်ငံ ယူရို ငွေကြေး ဇုန် ထဲက ထွက်သွားနိုင်တယ်လို့ ပူပန် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ