အမေရိကန်နဲ့ ကနေဒါမှာ ဆီးနှင်းမုန်တိုင်းအန္တရာယ် ကျ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးနှင်းတွေ စတင် ကျလာနေပြီ ဖြစ်တဲ့ နယူးယောက်မြို့က လမ်းမကြီးတခု

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းနဲ့ ကနေဒါနိုင်ငံက ဒေသတချို့မှာ ဆီးနှင်းတွေ ထူထူထပ်ထပ် စတင် ကျလာနေပြီ ဖြစ်တဲ့ အတွက် လေယာဉ် ခရီးစဉ် ၅ထောင်ကျော် လောက်ကို ဆိုင်းငံ့ထားလိုက်ရပါတယ်။

ပြည်နယ် အတော်များများမှာလည်း အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။

တချို့ဒေသတွေမှာ ဆီးနှင်းအထူ ၉၀ စင်တီမီတာလောက်အထိ ကျနိုင်တယ်လို့ ခန့်မှန်းထားပြီး တနာရီကို ကီလို မီတာ ၁၂၀လောက်အထိ လေပြင်း တိုက်နိုင်တယ်လို့ မိုးလေဝသ ဌာနက သတိပေးထားပါတယ်။

နယူးယောက်မြို့မှာတော့ ကိုယ်ပိုင်ကားတွေကို တနင်္လာနေ့ည ၁၁နာရီက စလို့ မောင်းနှင် အသုံးပြုခွင့် တားမြစ်ထားပြီး စာသင်ကျောင်းတွေ အားလုံးကိုလည်း ပိတ်ထားလိုက်ရပါတယ်။