Keystone ပိုက်လိုင်း ဥပဒေ ကန် ဆီးနိတ် ပြဋ္ဌာန်း

 keystone ဓာတ်ပုံ မူပိုင် AFP
Image caption ပိုက်လိုင်း စီမံကိန်းကို ကန့်ကွက်

အငြင်းပွားနေတဲ့ ရေနံပိုက်လိုင်း သွယ်တန်းမှု ကို အတည်ပြုတဲ့ ဥပဒေ ကို သမ္မတ အိုဘားမားက ဗီတို အာဏာ နဲ့ ပယ်ချ ဖို့ ဆိုင်းပြင်း နေတဲ့ကြား က အမေရိကန် အထက် လွှတ်တော် က ပြဋ္ဌာန်း လိုက်ပါတယ်။

Keystone pipeline စီမံကိန်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမား တွေက ကန့်ကွက် ခဲ့ကြပါတယ်။

ကနေဒါက နေ နီဗရာစကာ ပြည်နယ်ထိ မိုင် ၁ဝဝဝ ကျော် ရှည်လျားတဲ့ ဒီရေနံပိုက် လိုင်း က ရေနံ တွေကို ပင်လယ်ကွေ့ က ရေနံချက် စက်ရုံ တွေဆီ ပို့ပေး မှာ ဖြစ်ပါတယ်။

ဒါဟာ ရီပတ်ဘလစ်ကန်တွေ ကြီးစိုးတဲ့ လွှတ်တော် ၂ ရပ်နဲ့ သမ္မတ အိမ်ဖြူတော်ကြား အာဏာ လွန်ဆွဲပွဲ ဖြစ်လာနိုင်တယ်လို့ သုံးသပ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ