ဂ​ရိ နဲ့ ပြင်​သစ် ဘဏ္ဍာ​ရေး ဝန်ကြီး​တွေ တွေ့ဆုံ

greece_varoufakis ဓာတ်ပုံ မူပိုင် Reuters
Image caption ဂရိ ရဲ့ စီးပွားရေး ပြန်လည် တိုးတက် လာနိုင်စွမ်း နဲ့ ကြွေးမြီ တွေ ပြန်လည် ပေးဆပ် နိုင်စွမ်း တို့ဟာ ဆက်စပ် နေတယ် လို့ ဝန်ကြီး ဗာရိုဖားကစ် က ဆိုပါတယ်။

ဂရိ နိုင်ငံ အစိုးရသစ် အနေနဲ့ နိုင်ငံတကာ ကြွေးမြီ တွေကို ဘယ်လို ကိုင်တွယ်ဖို့ ရည်ရွယ် ထားသလဲ ဆိုတာနဲ့ ပတ်သက် လို့ ပိုပြီး အသေးစိတ်ကျ တဲ့ အချက်အလက် တွေကို ဂရိ ဘဏ္ဍာရေး ဝန်ကြီး ယန်းနစ် ဗာရိုဖားကစ် က ထုတ်ဖော် ပြောလာ ပါတယ်။

ဂရိ အစိုးရသစ် ရဲ့ အကြံပြုချက် တွေဟာ ဂရိ နိုင်ငံ ကို သာမက ဥရောပ အတွက်လည်း အကျိုးရှိ မှာ ဖြစ်ပြီး၊ ဂရိ ရဲ့ စီးပွားရေး ပြန်လည် တိုးတက် လာနိုင်စွမ်း နဲ့ ကြွေးမြီ တွေ ပြန်လည် ပေးဆပ် နိုင်စွမ်း တို့ဟာ ဆက်စပ် နေတယ် လို့ ဝန်ကြီး ဗာရိုဖားကစ် က ဆိုပါတယ်။

ပါရီမြို့မှာ ပြင်သစ် ဘဏ္ဍာရေး ဝန်ကြီး မီရှဲ ဆပန်းဂ် နဲ့ တွေ့ဆုံ ဆွေးနွေး အပြီးမှာ မစ္စတာ ဗာရိုဖားကစ် က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ် ဝန်ကြီး ဆပန်းဂ် ကလည်း ပြင်သစ် အနေနဲ့ ဂရိ ကို ကူညီမှာ ဖြစ်ပေမယ့်၊ ပြင်သစ် အပါအဝင် ကျန် ဥရောပ နိုင်ငံတွေ ရဲ့ အခွန်ထမ်း ပြည်သူတွေ အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ့် ဂရိရဲ့ ကြွေးမြီတွေကို လျှော်ပေး ဖို့တော့ မဖြစ်နိုင် ကြောင်း ပြောပါတယ်။

ဂရိ အနေနဲ့ ယူရို ငွေကြေး စျေးကွက် ထဲမှာ ဆက်လက် နေသင့်ပြီး စီးပွားရေး ပြန်လည် တိုးတက်လာ ဖို့ လုပ်ဆောင်ရမယ့် အကြောင်း ၂ နိုင်ငံ သဘောတူ ခဲ့တယ် လို့ မစ္စတာ ဆပန်းဂ် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ