နိုင်​ဂျီး​ရီးယားသမ္မတ ဟောပြော​ပွဲ​အပြီး မ​ကြာ​ခင်​မှာ​ပဲ ဗုံးကွဲ

gombe_blast_ ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ ရွေးကောက်ပွဲ နီးလာချိန်မှာ ဘိုကိုဟာရမ် တွေ ရဲ့ တိုက်ခိုက်မှု တွေ တိုးမြှင့် လာနေပါတယ်။

နိုင်ဂျီးရီးယား နိုင်ငံ မြောက်ပိုင်း ဂွန်မ်ဘေး မြို့ ရဲ့ အားကစားဝင်း အပြင်ဘက် မှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ခဲ့လို့ လူ ၃ ဦး သေဆုံး ပြီး ၁၈ ဦး ဒဏ်ရာ ရ သွားပါတယ်။ သမ္မတ ဂွဒ်လပ်ခ် ဂျော်နသန် ရဲ့ ရွေးကောက်ပွဲ မဲဆွယ် ဟောပြောမှု ပြုလုပ်အပြီး များမကြာခင် မှာပဲ အခုလို ဗုံးကွဲ ခဲ့တာ ဖြစ်ပါတယ်။

ကားတစ်စင်းထဲမှာ အမျိုးသမီး တစ်ဦး က အသေခံ ဗုံးခွဲခဲ့တာ ဖြစ်တယ် ဆိုပြီး နိုင်ဂျီးရီးယား ရဲတွေ က ဘီဘီစီ ကို ပြောပါတယ်။

သမ္မတ ဂျွန်နသန်ဟာ လာမယ့် ဖေဖေါ်ဝါရီ ၁၄ ရက် နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြန်လည် အရွေး ခံရနိုင်ဖို့ စည်းရုံးမှု တွေ ပြုလုပ်နေချိန် မှာပဲ စစ်သွေးကြွ ဘိုကိုဟာရမ် တွေ ရဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေ တိုးမြှင့် လာနေပြီး လုံခြုံရေး ဆိုင်ရာ အကြပ်အတည်း တွေ တွေ့ကြုံ နေရပါတယ်။

နိုင်ဂျီးရီးယား တောင်ဘက် Rivers state ဆိုတဲ့ ပြည်နယ် တလွှားက မြို့တွေ မှာလည်း တရားလွှတ်တော် အထက်ရုံးတွေ ကို ပစ်မှတ် ထားပြီး ဗုံးခွဲ တိုက်ခိုက်မှု ၃ ကြိမ် ဆက်တိုက် ဖြစ်ပေါ် ခဲ့ပါတယ်။

တခါ၊ နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်း မှာတော့၊ ဘိုကိုဟာရမ်တွေ ကို ပစ်မှတ် ထားပြီး ချာ့ဒ် နိုင်ငံက လေကြောင်း တိုက်ခိုက်မှု တွေ ပြုလုပ်နေခဲ့တာ ၃ ရက်မြောက် ရှိလာပြီ ဖြစ်ပါတယ်။

ချာ့ဒ် နိုင်ငံပိုင် ဂျက် လေယာဉ်တွေ နဲ့ ရဟတ်ယာဉ် တွေ ဟာ ဂမ်ဘောရူ မြို့ထဲက ပစ်မှတ်တွေ ကို တိုက်ခိုက် ခဲ့ကြတယ် လို့ မျက်မြင် သက်သေတွေ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ