ခရိုအေးရှားနဲ့ ဆားဗီးယား စွဲချက်တွေကို ကုလ ခုံရုံး ပယ်ချ

ဓာတ်ပုံ မူပိုင် AP
Image caption ခရိုအေးရှား လွတ်လပ်ရေး စစ်ပွဲအတွင်း လူ ၂ သောင်းကျော် သေဆုံးခဲ့

အရင် ယူဂိုဆလားဗီးယား နိုင်ငံဟောင်းကနေ ခွဲထွက်ခဲ့တဲ့ ခရိုအေးရှား စစ်ပွဲတွေ အတွင်း လူမျိုးတုံး သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ ခရိုအေးရှားနဲ့ ဆားဗီးယားတို့ အပြန်အလှန် စွဲဆို ထားချက်တွေကို ICJ နိုင်ငံတကာ တရားရုံးက ပယ်ချ လိုက်ပါတယ်။

၁၉၉၁ ခုနှစ် အတွင်းက Vukovar မြို့မှာ ဆားဗီးယားတွေက မျိုးတုံး သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်လို့ ခရိုအေးရှား အစိုးရက စွဲဆို ခဲ့သလို၊ ဆားဗီးယား ကလည်း ဆာ့ဘ် လူမျိုး ၂ သိန်းကျော် နှင်ထုတ် ခံရတာနဲ့ ပတ်သက်ပြီး ခရိုအေးရှားကို ပြန်လည် တရား စွဲဆို ထားခဲ့တာ ဖြစ်ပါတယ်။

အခုလို နိုင်ငံတကာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ သမိုင်းဝင်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပြီး၊ နှစ်ဘက်စလုံးက တင်ပြလာတဲ့ စွဲဆိုချက်တွေဟာ အထောက်အထား ခိုင်လုံမှု မရှိခဲ့ကြောင်း တရားသူကြီး တွေက ပြောပါတယ်။

ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး တို့အတွက် ၂ နိုင်ငံ စလုံးက ပူးပေါင်း ဆောင်ရွက်ကြပါ လို့လည်း တရားသူကြီးတွေက တိုက်တွန်း လိုက်ပါတယ်။

၁၉၉၁ ကနေ ၁၉၉၅ အထိ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲ အတွင်းမှာ ခရိုအေးရှား အများစု ဖြစ်တဲ့ လူ ၂ သောင်းလောက် သေဆုံး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ