ကျူးဘား လူ့အခွင့်အရေး အခြေအနေ ကန်ဝေဖန်

us cuba ဓာတ်ပုံ မူပိုင် Reuters
Image caption သံတမန် ဆက်ဆံရေး ပြန်စဖို့ ၂ နိုင်ငံ သမ္မတတွေ သဘောတူ

ကျူးဘား နိုင်ငံမှာ အရင်လက အတိုက်အခံ ၁၄ဝ လောက် ကို ထိန်းသိမ်း ခဲ့တယ် လို့ အမေရိကန် နိုင်ငံခြားရေး ဌာန လူ့အခွင့်အရေး ထိပ်တန်း အရာရှိ တွမ် မာလင် နောစကီး က ပြောကြား လိုက် ပါတယ်။

အရင်လ တွေထက် ဒီကိန်းဂဏန်း က နည်းပါး ပေမယ့် ကျူးဘား ကွန်မြူနစ် အစိုးရ ရဲ့ အမူအကျင့် က မပြောင်းဘူး ဆိုတာ ပြနေတယ်လို့ မစ္စတာ မာလင် နောစကီး က ပြောပါတယ်။

အမေရိကန် နဲ့ ကျူးဘား ၂ နိုင်ငံကြား သံတမန် ဆက်ဆံရေး ပြန်လည် စတင်ဖို့ ၂ နိုင်ငံ သမ္မတတွေ သဘော တူညီချက် ကို ကြားနာဖို့ အမေရိကန် အထက် လွှတ်တော် ဆွေးနွေးပွဲ မှာ မာလင် နောစကီး က ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ