သံတမန်​နည်း မ​အောင်မြင်​ရင် ယူ​က​ရိန်း​ကို လက်နက်​ကူ​ညီမယ်

merkel_obama ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် နဲ့ ဂျာမဏီ ခေါင်းဆောင်တွေ အိမ်ဖြုတော်မှာ တွေ့ဆုံ ခဲ့ပါတယ်။

ယူကရိန်း အရှေ့ဘက်ခြမ်း မှာ ထကြွ နေတဲ့ ရုရှား ကျောထောက် နောက်ခံပြု ခွဲထွက်ရေး လက်နက်ကိုင် တွေ ရန်က ယူကရိန်း အနေနဲ့ ကာကွယ် နိုင်စွမ်း ရှိအောင် လက်နက် တွေ ထောက်ပံ့ပေး ဖို့ စဉ်းစား နေတယ် ဆိုပြီး အမေရိကန် သမ္မတ အိုဘားမား က ပြောလိုက်ပါ တယ်။

ယူကရိန်း အရေး ဖြေရှင်းဖို့ သံတမန် နည်းလမ်း တွေ မအောင်မြင် ခဲ့ရင် သေနတ်ပြောင်းနဲ့ အချိန်ခံရ လို့ ဥရောပ နိုင်ငံတွေ ရဲ့ နယ်နမိတ် မျဉ်းကြောင်းတွေ ပြန်လည် ရေးဆွဲ ရမယ့် အဖြစ်မျိုး အမေရိကန် အနေနဲ့ လက်သင့်ခံ မှာ မဟုတ်ဘူး လို့ သမ္မတ အိုဘားမား က ဆိုပါတယ်။

အိမ်ဖြူတော်မှာ ဂျာမဏီ ဝန်ကြီးချူပ် အိန်ဂလာ မက်ခဲလ် နဲ့ တွေ့ဆုံ အပြီး အခုလို ပြောကြား လာတာပါ။

ဂျာမဏီ ဝန်ကြီးချူပ် ကတော့ ယူကရိန်း အရေး နဲ့ ပတ်သက်ပြီး ကြန့်ကြာမှု နောက်ပြန်မှု ဆွဲ ဖြစ်ရပ် တွေ အများအပြား တွေ့ကြုံ ခဲ့ရတာ မှန်ပေမယ့် သံတမန် ရေး နည်းလမ်း နဲ့ အဖြေ ရှာ နိုင်ဖို့ပဲ ဆက်လက် လုပ်ဆောင် သွားမယ် လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ