IS အပေါ် တိုက်ခိုက်မှု သတင်းတွေ ဆီးရီးယား ရရှိနေဟုဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption စည်ပိုင်း ဗုံးတွေကြောင့် အရပ်သားတွေ ထောင်သောင်းချီ သေဆုံးခဲ့ရ

ဆီးရီးယားနဲ့ အီရတ်မှာ ရှိနေတဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ အပေါ် လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် နိုင်ငံတွေက တဆင့် ဆီးရီးယားက လက်ခံ ရရှိ နေတယ်လို့ ဆီးရီးယား သမ္မတ အာဆတ်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ လက IS အဖွဲ့ အပေါ် လေကြောင်း တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီး နောက်ပိုင်း ဆီးရီးယား အနေနဲ့ တိုက်ရိုက် ပူးပေါင်း ဆောင်ရွက်မှုတွေ မရှိခဲ့ပေမယ့် အီရတ်လို တခြား နိုင်ငံတွေက တဆင့် သတင်း အချက်အလက်တွေ ရရှိနေတယ်လို့ သမ္မတ အာဆတ်က ဘီဘီစီနဲ့ သီးသန့် တွေ့ဆုံ မေးမြန်းခန်းမှာ ပြောပါတယ်။

တစ်ခါ ဆီးရီးယား အစိုးရက ဆီးရီးယား သူပုန် နယ်မြေတွေ အပေါ် စည်ပိုင်း ဗုံးတွေ ကြဲချခဲ့လို့ ဆီးရီးယား ပြည်သူတွေ ထောင်နဲ့ချီ သေဆုံး ခဲ့ရတဲ့ ကိစ္စကိုလည်း သမ္မတ အာဆတ်က ဝန်မခံဘဲ ငြင်းဆို သွားပါတယ်။

ဒါပေမယ့် စည်ပိုင်း ဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သားတွေ သေကြေ ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက် အထားတွေ ရှိတဲ့အတွက် အခုလို သမ္မတ အာဆတ်ရဲ့ ငြင်းဆိုမှုဟာ အငြင်းပွားဖွယ်ရာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ