ဆွေးနွေးပွဲ မတိုင်ခင် ယူကရိန်း တိုက်ပွဲတွေ ပြင်းထန်လာ

ဓာတ်ပုံ မူပိုင် AFP
Image caption ဒုံးကျည် အခွံတွေကို စုရုံး ကြည့်ရှုကြတဲ့ Kramatorsk မြို့သားတွေ

ယူကရိန်း အရှေ့ပိုင်း ငြိမ်းချမ်းရေး အတွက် ဆွေးနွေးဖို့ ရည်ရွယ်ထားတဲ့ ဗုဒ္ဓဟူးနေ့ မတိုင်မီမှာပဲ ယူကရိန်း အစိုးရတပ်နဲ့ သူပုန်တွေ နှစ်ဖက်စလုံးက အသာစီးရဖို့ ကြိုးစား လာတဲ့အတွက် တိုက်ပွဲတွေ ပိုမို ပြင်းထန် လာနေပါတယ်။

Kramatorsk မြို့မှာ ရှိတဲ့ ယူကရိန်း စစ်တပ် ဌာနချုပ် နေရာတွေနဲ့ လူနေအိမ်ခြေ ဒေသ တစ်ခုကို ခွဲထွက်ရေး သူပုန်တွေက ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

တစ်ခါ ယူကရိန်း အစိုးရ တပ်ရင်း တစ်ခုကလည်း Mariupol မြို့ တဝိုက်မှာ ရှိတဲ့ ခွဲထွက်ရေး သူပုန်တွေကို တိုက်ခိုက်ဖို့ စစ်ဆင်ရေး တစ်ခု စတင် လိုက်ပါတယ်။

မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ယူကရိန်း၊ ရုရှား၊ ပြင်သစ်နဲ့ ဂျာမနီ ခေါင်းဆောင်တွေ ဘယ်လာရုစ် နိုင်ငံ၊ မင့်စ်မြို့မှာ တွေ့ဆုံပြီး တိုက်ပွဲတွေ အဆုံးသတ်ရေး ဆွေးနွေး အဖြေရှာဖို့ ရှိပါတယ်။

အမေရိကန် သမ္မတ အိုဘားမား ကတော့ သံတမန်နည်းအရ ငြိမ်းချမ်းရေး မရခဲ့ရင် ယူကရိန်းကို လက်နက်တွေ ထောက်ပံ့သွားမယ်လို့ တနင်္လာနေ့က ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ