IS တို့ ဖမ်းထားတဲ့ အမေရိကန်ဓါးစာခံ သေဆုံး

ဓာတ်ပုံ မူပိုင် ap
Image caption ၁၈ လကြာIS တို့ဖမ်းဆီးထားတဲ့ Kaylar Mueller

ဆီးရီးယားက IS စစ်သွေးကြွ အစ္စလာမ္မစ် နိုင်ငံအဖွဲ့က ၁၈ လကြာ ဓားစာခံ အဖြစ် ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ အမေရိကန် ကယ်ဆယ်ရေး လုပ်သား ကေလာ မူလာ Kayla Mueller သေဆုံးတာကို သမ္မတ အိုဘားမားက အတည်ပြု လိုက်ပါတယ်။

ကေလာမူလာဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ လူသားချင်းစာနာကူညီနေတဲ့ အဖွဲ့အမျိုးမျိုးမှာ ပါဝင် လုပ်ဆောင်နေခဲ့သူဖြစ်ပါတယ်။

သူဟာ တူရကီနဲ့ ဆီရီးယားနယ်စပ်က ဒုက္ခသည်တွေကို ကူညီထောက်ပံနေတဲ့ လုပ်ငန်းမှာ ၂၀၁၂ ခုနှစ်ကတည်းက ပါဝင်ဆောင်ရွက်နေသူဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်က ဆီရီးယားနိုင် အလက်ပိုမြို့မှာ အိုင်အက္စ်စစ်သွေးကြွတွေရဲ့ ဖမ်းဆီးခေါ်ေဆာင်သွားတာကို ခံခဲ့ရပါတယ်။

ဒီသေဆုံးရမှု အတွက် သတ်ဖြတ်သူ တွေကို ရှာဖွေပြီး တရားဥပဒေအရ အရေးယူ နိုင်အောင် အမေရိကန် ဘက်က ကြိုးပမ်းမယ်လို့ အိုဘားမားက ပြောပါတယ်။

ဂျော်ဒန်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေ အတွင်း ၂၆ နှစ် အရွယ် အမေရိကန် ဓားစာခံ အမျိုးသမီး သေဆုံးတယ်လို့ IS တွေက သောကြာနေ့က ပြောကြား ခဲ့ပေမယ့် ဒီအတွက် သက်သေ အထောက်အထား မတွေ့ရဘူးလို့ အမေရိကန် ဘက်က ပြောပါတယ်။

သူဟာ အမြဲတမ်း ဒုက္ခ ဆင်းရဲ ရောက်သူ တွေ ဘက်က ရပ်တည် တဲ့ လွတ်လပ်တဲ့ စိတ်ထား ရှိသူ အဖြစ် သေဆုံးသူ ရဲ့ အဒေါ်က ချီးကျူး ဂုဏ်ပြု ခဲ့ပါတယ်။

ဒီသေဆုံးရမှု အတွက် ဖမ်းဆီးထားတဲ့ IS တွေ ဘက်မှာသာ တာဝန်ရှိတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန် ခဲ့ပါတယ်။

အရှေ့ အလယ်ပိုင်းမှာ နောက်ထပ် ဖမ်းဆီးခံထားရတဲ့ အမေရိကန် ဓားစာခံ အနည်းဆုံး တယောက် ရှိသေး တယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရ အရာရှိ က ပြောကြား ခဲ့ပါတယ်။