အိုင်အက်စ် စစ်သွေးကြွတွေကို ငွေကြေး ပိတ်ဆို့ဖို့ ကုလဆုံးဖြတ်

ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး Samantha Power ဓာတ်ပုံ မူပိုင် EPA
Image caption ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး Samantha Power

အစ္စလမ်မစ် နိုင်ငံများအဖွဲ့လို့ခေါ်နေတဲ့ အုပ်စုအတွက် ရရှိနေတဲ့ ထောက်ပံ့ကြေး ရံပုံငွေတွေကို ပြတ်လပ် သွားအောင် ကြိုးပမ်းဖို့ ရည်ရွယ်ပြီး ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ထွက် လာတာဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ ဆီးရီးယားနိုင်ငံက ရှေးဟောင်း ပစ္စည်းတွေ ခိုးထုတ်ပြီး ဝင်ငွေ အများဆုံး ရတဲ့အတွက် အခုအခါ ရှေးဟောင်း ယဉ်ကျေးမှု အမွေတွေကို ရောင်းချခြင်းမှ တားမြစ်တာ ဖြစ်ပါတယ်။ ရှာဖွေဖမ်းဆီးရမယ့် အရေးပေါ် အနီရောင် စာရင်းဆိုတဲ့ အဖိုးတန်တဲ့ ရှေးဟောင်းပစ္စည်း စာရင်းတခုကို အမေရိကန်တို့ဘက်က ထုတ်ပြန် လိုက်ပါတယ်။

နောက်ပြီး ဓါးစာခံတွေ လွတ်ဖို့သွယ်ဝိုက်ပြီးဖြစ်စေ တိုက်ရိုက်ဖြစ်စေ ငွေပေး ရွေးချယ်တာတွေ မလုပ်ဖို့လည်း သတိပေး ထားပါတယ်။ ဒါဟာ ဥရောပရှိ ပြင်သစ်လို နိုင်ငံမျိုးကို ရည်ရွယ်တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ ဆိုင်ရာအမေရိကန် သံအမတ်ကြီး Samantha Powersက အခုဆုံးဖြတ်ချက်ဟာ အိုင်အက်စ်ကို တိုက်ခိုက်ဖို့ အထောက်အကူပြုမယ်လို့ ပြောပါတယ်။

အခုဆုံးဖြတ်ချက်ရဲ့ အဓိက ပစ်မှတ်ကတော့ အိုင်အက်စ်နဲ့ တခြားဂျီဟတ် စစ်သွေးကြွတွေ အတွက် အများဆုံးဝင်ငွေ ရစေတဲ့ တရားမဝင် ရေနံရောင်းဝယ်မှု ပဲဖြစ်ပါတယ်။ ရေနံရောင်းဝယ်မှု သာမကပဲ ရေနံထုတ်တဲ့ ပစ္စည်းတွေ အိုင်အက်စ်ကို ပေးပို့တာကိုလည်း တားမြစ်ပါတယ်။ အခုဆုံးဖြတ်ချက်ကို တခဲနက် ထောက်ခံ အတည်ပြုတာကို ကြည့်ရင် နိုင်ငံတကာ အသိုင်းအဝိုင်းက အိုင်အက်စ်အဖွဲ့ကို ပစ်မှတ်ထား ချေမှုန်းဖို့ ဘယ်လောက် တညီတညွတ်ထဲ ရှိတယ်ဆိုတဲ့ လက္ခဏာပဲလို့ ကုလသမဂ္ဂရှိ ဘီဘီစီ သတင်းထောက် နစ် ဘရိုင်းရင့်က သုံးသပ်သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ