ဒိန်းမတ် ပစ်ခတ်မှု လူ ၂ဦးကို စွဲချက်တင်

ဓာတ်ပုံ မူပိုင် epa
Image caption ကိုပင်ဟေဂင် မြို့က ပစ်ခတ်မှု ၂ ခုကြောင့် လူ ၂ ဦး သေဆုံးခဲ့

ဒိန်းမတ် နိုင်ငံ၊ ကိုပင်ဟေဂင် မြို့မှာ ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့က ပစ်ခတ် တိုက်ခိုက်မှု ၂ ခုကို ကျူးလွန်ခဲ့တဲ့ သေနတ်သမားကို အကူအညီ ပေးခဲ့တယ် ဆိုတဲ့ သံသယနဲ့ လူ ၂ ဦးကို ဒိန်းမတ် ရဲတပ်ဖွဲ့က စွဲချက် တင်လိုက်ပါတယ်။

အဲဒီ လူ ၂ ဦးဟာ သေနတ်သမားကို လက်နက် ထောက်ပံ့ပေးတဲ့ အပြင် ပုန်းခိုဖို့လည်း ကူညီ ပေးခဲ့ကြတယ်လို့ စွဲချက်တင် ခံရတာ ဖြစ်ပါတယ်။

Omar El Hussein လို့ ခေါ်တဲ့ ၂၂ နှစ် အရွယ် သေနတ် သမားကိုတော့ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့က ပစ်ခတ် ဖမ်းဆီးရာမှာ အသေ ဖမ်းမိ ခဲ့ပါတယ်။

စနေနေ့ညက ကော်ဖီဆိုင် တစ်ဆိုင်မှာ ပြုလုပ်တဲ့ စကားဝိုင်း ပစ်ခတ် ခံရမှုနဲ့ တနင်္ဂနွေနေ့က ဂျူးဘုရားကျောင်းမှာ ပစ်ခတ် ခံရမှုတို့ကြောင့် လူ ၂ ဦး သေဆုံး ခဲ့ရပါတယ်။

သေဆုံးသူတွေ အတွက် တစ်ရက်တာ ဝမ်းနည်းခြင်း နေ့ကို သတ်မှတ် ကျင်းပနေပြီး ညနေပိုင်း မှာလည်း မြို့ကြီး မြို့ငယ်တွေမှာ လူတွေ ထောင်နဲ့ချီပြီး အမှတ်ရ စုဝေးကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ