ယူကရိန်း တိုက်ပွဲတွေက အပစ်ရပ်မှုကို ခြိမ်းခြောက်နေ

ဓာတ်ပုံ မူပိုင် Reuters
Image caption Debaltseve မြို့ အနီး တိုက်ပွဲတွေက အပစ်ရပ် သဘောတူညီမှုကို ခြိမ်းခြောက်နေ

ယူကရိန်း အရှေ့ပိုင်းမှာ အပစ်အခတ် ရပ်စဲဖို့ သဘောတူ သတ်မှတ် ထားတဲ့ အချိန် စတင်ပြီး တစ်ရက်ကျော် ကြာလာတဲ့ အထိ အပစ် ရပ်စဲခြင်း မရှိသေးဘဲ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေပါတယ်။

Debaltseve မြို့ ဝန်းကျင်မှာ ခွဲထွက်ရေး သူပုန်တွေက တနင်္ဂနွေနေ့ မနက်က စပြီး ၁၁၂ ကြိမ် တိုက်ခိုက် ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။

ဆိပ်ကမ်းမြို့ ဖြစ်တဲ့ မာရီပူးလ် မြို့ အနီးမှာလည်း တိုက်ပွဲတွေ ရှိခဲ့တယ်လို့ ယူကရိန်း အရာရှိတွေက ပြောပါတယ်။

သူပုန်တွေ ဘက်ကတော့ ဒွန်းညက်စ်မြို့ကို ယူကရိန်း အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်လို့ စွပ်စွဲပါတယ်။

တစ်ချိန်တည်းမှာ အီးယူက ရုရှား အပေါ် ထပ်မံ ချမှတ်လိုက်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေ သက်ရောက် သွားပြီ ဖြစ်ပါတယ်။

ယူကရိန်း စစ်တပ်နဲ့ သူပုန်တွေ နှစ်ဘက် စလုံးက သူတို့ရဲ့ လက်နက်ကြီးတွေကို ရှေ့တန်း စစ်မျက်နှာကနေ ပြန်ရုပ်ဖို့ အသင့် မရှိကြသေးဘူးလို့ ပြောပါတယ်။

Minsk သဘောတူညီချက် အရ နှစ်ဘက်စလုံးက သူတို့ လက်နက်တွေကို ဒေသ စံတော်ချိန် ည သန်းခေါင်မှာ စတင် ရုပ်သိမ်းရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ