လစ်ဗျားရေး လုံခြုံရေး ကောင်စီ တင်သွင်း

libya ဓာတ်ပုံ မူပိုင် AFP
Image caption လစ်ဗျား အစွန်းရောက် တွေကို နှိမ်နင်းဖို့ လိုနေ

လစ်ဗျား နိုင်ငံ လုံခြုံရေး အခြေအနေ ဆိုးရွား နေတာကို ကူညီ ဖြေရှင်းတဲ့ အနေနဲ့ လက်နက် တင်သွင်းခွင့် ပိတ်ထား တာကို ဖယ်ရှား ပေးဖို့ လစ်ဗျား အစိုးရ က လုံခြုံရေး ကောင်စီကို တောင်းဆို လိုက်ပါတယ်။

IS နဲ့ တခြား အစွန်းရောက် တွေကို နှိမ်နင်းဖို့ လစ်ဗျား စစ်တပ် တည်ထောင်ရာမှာ လက်နက် ရှိမှ ရမယ်လို့ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ လစ်ဗျား အစိုးရ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြား ခဲ့ပါတယ်။

Tobruk မြို့မှာ ရုံးစိုက်တဲ့ လစ်ဗျား အစိုးရ နဲ့ အပြိုင် နောက် ထပ် အစိုးရ တဖွဲ့ ရှိနေပါတယ်။

IS အဖွဲ့ စစ်သွေးကြွ တွေက အီဂျစ် ဓားစာခံ တွေကို ခေါင်းဖြတ် သတ်ခဲ့ပြီးနောက် ၃ ရက် အတွင်း လစ်ဗျား အခြေအနေ သိသိသာသာ ကျဆင်း လာတာကို နိုင်ငံတကာက စိုးရိမ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ